ရေအရမ်းငတ်လာရင် ရေခဲရေ အေးအေးလေးကို သောက်ချင်ကြပါတယ်။ တကယ်တော့ ရေခဲရေက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

အေးခဲနေတဲ့ ရေကန်ထဲကို ခုန်ချလိုက်ရင် သင့် ခန္ဓာကိုယ်နဲ့အရေပြားက ဘယ်လိုခံစားရပါသလဲ။

ပူနေတဲ့ရေက ချွေးပေါက်တွေ ကျယ်သွားစေပြီး အရေပြားကို ပျော့ပြောင်းစေပါတယ်။ ရေခဲရေက ချွေးပေါက်တွေ ကျဉ်းသွားစေပြီး အရေပြားတွေ ကျုံ့စေပါတယ်။ ဒါဆိုရင်တော့ ရေခဲရေက သင့်အစာခြေစနစ်ကို ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ မှန်းဆမိနေလောက်ပါပြီ။

ရေခဲရေက ကိုယ့်ခန္ဓာကိုယ်အတွင်းမှာ ဘယ်လိုသက်ရောက်နေသလဲ

cold-water

ခန္ဓာကိုယ်အတွင်း အပူချိန်ကို ထိန်းညှိနိုင်ဖို့ စွမ်းအင်တွေအများကြီးလိုပါတယ်။ စွမ်းအင်မလုံလောက်ရင် အစာတွေမချေဖျက်နိုင်တဲ့အပြင် အာဟာရတွေကို မထုတ်လုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ရေဓာတ်တွေကို မစုပ်ယူနိုင်တော့ဘဲ ရေဓာတ်ဆုံးရှုံးမှုဖြစ်စေပါတယ်။

သွေးကြောလေးတွေက ရေခဲရေကြောင့် ကျုံ့သွားပြီး အစာစနစ်ကို အေးခဲစေကာ ရေဓာတ်ဆုံးရှုံးပြီး အစာခြေစနစ်ကို ကမောက်ကမဖြစ်စေပါတယ်။

maxresdefault

ရေခဲရေသောက်တာများရင် Mucus အပိုတွေ ထုတ်လုပ်ပြီး ကိုယ်ခံအားကို လျော့ချစေပြီး အဖျားနဲ့ တခြား ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဆိုဒါနဲ့ ရေခဲရေ ရောစပ်သောက်သုံးရင် ကိုယ်အလေးချိန် တိုးစေပြီး အဆီပိုတွေကို ခန္ဓာကိုယ်က မချေဖျက်နိုင်ကာ အင်္ဂါနဲ့ တစ်ရှူးက စုပ်ယူပြီး အဆီတွေဖုံးလွှမ်းနိုင်ပါတယ်။

ရေနွေးနွေးလေးကို သောက်သုံးရင်

15-1460685946-warm-water

  • ခန္ဓာကိုယ်အတွင်း ရေဓာတ်ဖြည့်တင်းပေးနိုင်
  • အစာခြေစနစ်အတွက်ကောင်းမွန်
  • အစာတွေကို အလွယ်တကူ ခြေဖျက်နိုင်
  • သွေးကြောတွေကို သန့်စင်ပေး
  • အရေပြား၊ ကျောက်ကပ်တို့ကို သန့်စင်ပေး