ငှက်ပျောသီးနဲ့ ကြက်သွန်နီ

ငှက်ပျောသီးစားထားရင် ခြင်တွေ ပိုကိုက်ခံရပါတယ်။

ဒါပေမယ့် ကြက်သွန်နီစားထားရင် ကြက်သွန်နီမှာ ခြင်ပြေးစေတဲ့ ဓာတ်ပါတာကြောင့် ခြင်တွေဝေးဝေးပြေးနေပါလိမ့်မယ်။

အနံ့ကောင်းစေဖို့ ဆေးလိပ်မှာ ယူရီယားဓာတ်တွေ ထည့်

တချို့ဆေးလိပ်တွေမှာ အနံ့လေးမွှေးနေစေဖို့ ဆီးမှာပါဝင်တဲ့ ယူရီးယား (Urea) ဓာတ်ကို ထည့်သွင်းထုတ်လုပ်ထားပါတယ်။

ဝေလငါးကနေ ဘီယာထုတ်

Iceland က ဘီယာတချို့ က ဝေလငါးကနေ ထုတ်လုပ်ထားပါတယ်။

မှို

မှိုတွေက တခြားအပင်ပုံစံတွေထက် လူပုံစံတွေနဲ့ ပိုပြီးမတူဘူးလား။

ပန်းသီး၊ အာလူးနဲ့ကြက်သွန်နီ

အရမ်းထူးဆန်းပါတယ်။ စမ်းသပ်လုပ်ကြည့်လို့ရတယ်နော်။ သင့်နှာခေါင်းနဲ့ မျက်လုံးကိုပိတ်ပြီး ပန်းသီး၊အာလူးနဲ့ ကြက်သွန်နီကို စားကြည့်ပါ။ သင့်လျှာက အရသာအတူတူခံစားရပါလိမ့်မယ်။

အုန်းရည်

အုန်းရည်ကို အရေးပေါ်အခြေအနေမှာ လူရဲ့ သွေးရည်ကြည် အစားထိုးအဖြစ် အသုံးပြုကြပါတယ်။

ဂျပန်နိုင်ငံရဲ့ ရေခဲမုန့်

ဂျပန်နိုင်ငံမှာ ရေခဲမုန့် က အရသာမျိုးစုံရှိပါတယ်။ ကြက်တောင်ပံ၊ ရေဘဝဲအရသာ၊ ဂဏန်းအရသာ စသည် ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်လို့ရပါတယ်။