အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ငရုတ်ကောင်းနံ သင်းသင်းလေးနဲ့ ကြော်ထားတဲ့ ကြက်သားကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သား ၈ အောင်စ
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ပွ ၁ လုံး
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဂျင်းတုံး ၁ တုံး (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးတောင့် အခြောက် ၂ တောင့်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သားနှပ်ထားရန် လိုအပ်သောဟင်းခပ်ပစ္စည်းများ

  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥအကာ ၁ လုံး
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြော်ရန် လိုအပ်သောဆော့စ်

  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ၂ စင်တီမီတာပတ်လည် အတုံး တုံးထားပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲသို့ထည့်ကာ ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥအကာနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ၊ ဆား၊ ပဲငံပြာရည်အကြည်နှင့် ပြောင်းမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားပန်းကန်ထဲသို့ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် ဆီပူထဲထည့်ကာ ကြက်သားက တင်းတင်းရင်းရင်းဖြစ်သွားသည်အထိ ကြော်ပေးလိုက်ပါ။

ဒယ်အိုးထဲတွင် ဆီ အများကြီး ကျန်သေးပါက ပန်းကန်လုံးအသေးတစ်လုံးထဲသို့ ဆယ်ယူထားလိုက်ပါ။ ဒယ်အိုးထဲတွင် ဆီ စားပွဲတင်ဇွန်းတစ်ဝက်ခန့်သာ ထားခဲ့ပါ။

၄။ ထို့နောက် ဆီပူထဲသို့ ငရုတ်သီးအခြောက်နှင့် ငရုတ်ကောင်းစေ့တို့ထည့်ကာ အနံ့မွှေးလာသည်အထိ လှော်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ မွှေကြော်ပါ။

၅။ ပြီးရင်တော့ စောစောကကြော်ထားသော ကြက်သားတုံးများ ပြန်ထည့်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သားကြော်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com