ကျောက်ကပ်ရောဂါဟာ အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူသေဆုံးမှု အများဆုံးထဲမှ နံပါတ် ၉ အဆင့်မှာရှိနေပါတယ်။
ကျောက်ကပ်က ဆီးချို၊ သွေးတိုးစတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့်လည်း နောက်ဆက်တွဲဖြစ်လာတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ထဲမှာမရှိအောင် စွန့်ထုတ်ပေးပါတယ်။
ကျောက်ကပ်ရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ
ဆီးရဲ့ အနံ့ ပြောင်းလဲလာ
ဆီးရဲ့ အနံ့က စားသောက်နေထိုင်မှုပုံစံ၊ ရေဓာတ်ခမ်းခြောက်တာတွေကိုမူတည်ပြီးလည်း ပြောင်းလဲမှုရှိပါတယ်။ ဒါပေမယ့် ကျောက်ကပ်ရောဂါ စဖြစ်ချင်လာရင်လည်း ဆီးရဲ့ အနံ့က ငါးအနံ့လိုလို ချိုချိုမွှေးမွှေးအနံ့လိုလို ပြောင်းလဲလာပါတယ်။
ဆီးရဲ့ အရောင်ပြောင်းလဲလာ
ဆီးရဲ့အရောင်က အဝါရောင်ဖျော့ဖျော့လေးပါ။ ရေသောက်တာများလေလေ ဆီးက အရောင်ဖျော့လေပါဘဲ။ ကျောက်ကပ်စတင် ချို့ယွင်းလာပြီဆိုရင် ဆီးက အညိုရောင်၊ အမည်းရောင်၊ လိမ္မော်ရောင်၊ ပန်းရောင် သို့ အနီရောင် တို့ဖြစ်လာတတ်ပါတယ်။ အနီရောင်ဆိုတာကတော့ ဆီးထဲမှာ သွေးပါလာတဲ့သဘောပါ။ ဒီအခြေအနေဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဗိုက်အောင့်လာ
ဗိုက်အောင့်တာက တခြား ကျန်းမာရေး ပြဿနာတွေနဲ့လည်း သက်ဆိုင်သလို ကျောက်ကပ်ရောဂါနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာကြာလာရင်တော့ ဆရာဝန်နဲ့ သေချာ ပြသသင့်ပါတယ်။
ခဏခဏ ဆီးသွား
ရေခဏခဏသောက်ရင်တော့ ဆီးသွားတတ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ် ပြဿနာဖြစ်နေရင်လည်း အချိန်တိုအတွင်းမှာ ခဏခဏ ဆီးသွားတတ်ပါတယ်။ ဒါကြောင့် ဆီးခဏခဏသွားရင်လည်း သတိထားသင့်ပါတယ်။
ခန္ဓာကိုယ်မှာ ယောင်ယမ်းတာ၊ အသက်ရှည်မဝတာ
ကျောက်ကပ်က ဆီးတွေ အရင်တုန်းကလောက် မစွန့်ထုတ်နိုင်တဲ့အချိန်မှာ ခန္ဓာကိုယ်ယောင်ယမ်းတာတွေ ဖြစ်လာတတ်ပါတယ်။
အသက်ရှူမဝတာတွေ မူးေ၀ အော့အန်တာတွေကလည်း ခန္ဓာကိုယ်တွင်းက အဆိပ်တွေ မစွန့်ထုတ်နိုင်တဲ့ လက္ခဏာ တစ်ရပ်ဘဲဖြစ်ပါတယ်။