သကြားပါဝင်တဲ့ ဘယ်အစားအစာမဆို အရသာကောင်းတာပါပဲ။ ဒါပေမယ့် သကြားစားသုံးတာများရင် ကျန်းမာရေး ပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ၇ ဇွန်းထက်နည်းအောင် စားသင့်တယ်လို့ အကြံပေးထားပါတယ်။ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းက ကာဗိုဟိုက်ဒရိတ် ၄ ဂရမ်လောက်ပါဝင်ပါတယ်။ အချိုဓာတ်ကို ကြိုက်ရင်တောင် သဘာဝ အချိုဓာတ်တွေဖြစ်တဲ့ အသီးအနှံ၊ဟင်းသီးဟင်းရွက်၊ အခွံမာအသီးနဲ့ Cereal တွေကို စားသုံးလို့ရပါတယ်။

သကြားစားသုံးတာများနေကြောင်းကို သိနိုင်မယ့် အကြောင်းအရင်းများ

ခဏခဏ ဖျားနေရင်

သကြားစားသုံးတာများနေရင် သကြားက ဘက်တီးရီးယားကို တိုက်ခိုက်နေတဲ့ ကိုယ်ခံအားစနစ်က ဆဲလ်တွေကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ဖျားနေရင် သကြားကိုလျော့စားသင့်ပြီး အာဟာရဓာတ်များတဲ့၊ ဗီတာမင်စီ၊ E တို့များတဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။

သကြားပါတဲ့ အစားအစာတွေကို လျော့စားပါ

သကြားပါတဲ့ အစားအစာတွေကို စားတာများသွားရင် ကိုယ့်လျှာမှာ တော်ရုံတန်ရုံ အချိုဓာတ်ကို ကြိုက်တော့မှာမဟုတ်ပါဘူး။ ဒါဆိုရင် ပန်းသီးတို့လို အသီးတွေရဲ့ သဘာဝအချိုဓာတ်ကို ကြိုက်တော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် နဂိုကတည်းက အများကြီး မစားထားဖို့ အရေးကြီးပါတယ်။

သွားတွေပျက်စီးနေ

ချိုတဲ့ အစားအစာတွေက သွားပိုးစားတာတွေဖြစ်လာကာ သွားတွေကို ပျက်စီးစေပါတယ်။ သကြားပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ သကြားလုံးလို အစားအစာတွေကသွားကြားတွေထဲဝင်သွားပြီး သွားပျက်စီးမှုကို အားပိုကောင်းစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဟာ အချို ကြိုက်သူဆိုရင် သွားဆရာဝန်နဲ့ ပုံမှန်ပြသင့်ပါတယ်။

ကိုယ်အလေးချိန်တိုးလာ

ဘောင်းဘီတွေ ကျပ်လာပြီလား။ ဒါက အချိုစားမှုကြောင့် ဖြစ်လာတတ်တဲ့ အခြေအနေမျိုးပါဘဲ။ သကြားက အင်ဆူလင်ထုတ်လုပ်မှုကို ပိုထုတ်ပေးပြီး ဝမ်းဗိုက်မှာ အဆီတွေပိုစုအောင်ကူညီပေးပါတယ်။