ပြုံးရယ်လိုက်တိုင်းမှာ သွားများ ညီညီညာညာနဲ့ ဖြူဖွေးတောက်ပတဲ့ ပြုံးအလှပိုင်ရှင်တစ်ယောက်ဖြစ်ချင်ပါသလား။

ဈေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်တဲ့ အစားအစာလေးတွေကို အသုံးပြုပြီး သဘာဝအတိုင်းသွားဖြူဖွေးလာအောင် ပြုလုပ်နိုင်ပါတယ်။

တကူးတကကြီး ပြုလုပ်ပေးစရာမလိုဘဲ ခရီးသွားဟန်လွှဲ ပြုလုပ်ပေးရုံနဲ့တင် သွားများ ဖြူဝင်းလာမှာမို့လို့ ဒီဆောင်းပါးလေးကို လက်လွှတ်မခံဘဲ ဆက်ဖတ်ကြည့်လိုက်ကြဦးနော်။

လိမ္မော်သီးအခွံ

လိမ္မော်သီး စားတဲ့အခါ လိမ္မော်သီးအခွံကို မလွှင့်ပစ်လိုက်ပါနဲ့။ လိမ္မော်သီးအခွံဖြင့် သင့် သွားများကို နှစ်မိနစ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် သွားတိုက်ဆေးဖြင့် သွားတိုက်ပေးလိုက်ပါ။ တစ်ရက်ခြား တစ်ခါစီး နှစ်ပတ်တိတိပြုလုပ်ပေးမယ်ဆိုရင် သင့် သွားလေးတွေက ဖြူဖွေးလာပါလိမ့်မယ်။

နနွင်းမှုန့်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ရှစ်ပုံတစ်ပုံခန့်ကို သွားတိုက်တံပေါ် ဖြူးပြီးနောက် သွားတိုက်ပေးလိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့်ကြာတဲ့အခါ သေချာ ပလုတ်ကျင်းပေးလိုက်ပါ။ ထို့နောက် ပုံမှန်အသုံးပြုနေကျ သွားတိုက်ဆေးဖြင့် သွားတိုက်ပေးလိုက်ပါ။

ပင်လယ်ဆားနှင့် သံပုယိုရည်

ပင်လယ်ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ အရောအနှောကို သွားတိုက်ဆေးကဲ့သို့ သဘောထားပြီး သွားတိုက်ပေးလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဝါကျဉ်နေတဲ့သွားများ ဖြူဖွေးလာပါလိမ့်မယ်။

အုန်းဆီ

သင့် လက်ချောင်းလေးများကို သဘာဝအုန်းဆီစစ်စစ်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် သင့်သွားကို လက်ချောင်းလေးများဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ အုန်းဆီများကို မျိုမချမိဖို့ အထူးဂရုပြုရပါမယ်။ ထို့နောက် ရေဖြင့် စင်ကြယ်အောင် ပလုတ်ကျင်းပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ သွားတိုက်ဆေးဖြင့် သွားတိုက်ပေးရပါမယ်။

လိမ္မော်ဆီ

သဘာဝလိမ္မော်ဆီ ၂ စက်၊ ၃ စက်ခန့်ကို သွားတိုက်တံပေါ် လောင်းချလိုက်ပါ။ ထို့နောက် သွားတိုက်ဆေးကို သွားတိုက်တံပေါ် သုတ်လိမ်းပြီးနောက် သွားတိုက်ပေးရပါမယ်။ ဒီသွားတိုက်နည်းကို တစ်ပတ်တိတိ မနက်မိုးလင်းတိုင်း တိုက်ပေးရပါမယ်။

လိမ္မော်သီးအဆီမှာ ပါဝင်တဲ့ အချဉ်ဓာတ်က သွားများကို ဖြူဖွေးစေပြီး ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး သွားဖုံးနဲ့ သွားများကို ကျန်းမာကြံ့ခိုင်စေပါတယ်။

Source: Stylecraze.com