ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေနဲ့ ဇန့်ဓာတ်တွေက သင့်ကို ကောင်းမွန်စွာအိပ်စက်နိုင်ပြီးနောက်နေ့မှာ အားအင်အပြည့်နဲ့ လန်းဆန်းစွာ နိုးနိုင်အောင် ကူညီပေးပါတယ်။

ကြက်သွန်ဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက သဘာဝ ဆေးအဖြစ်အသုံးပြုလာကြပါတယ်။

ကြက်သွန်ဖြူရဲ့ အနံ့အရသာကလည်း ကောင်းမွန်ပြီး ပါဝင်တဲ့ ဓာတ်တွေကလည်း ဆေးဖက်ဝင်လှပါတယ်။

ကြက်သွန်ဖြူမှာပါဝင်တဲ့ အာဟာရ

ကြက်သွန်ဖြူ ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၁၀၀ ဂရမ်ပါဝင်ပါတယ်။ Complex Carbohydrates နဲ့ ပရိုတင်းဓာတ်တွေပါဝင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေအတွက်ကောင်းမွန်ပါတယ်။

အဲ့ဒီအပြင် ဗီတာမင် B Complex နဲ့ လိုအပ်တဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လည်း ပါဝင်ပါတယ်။

ကြက်သွန်ဖြူရဲ့ ဆေးဖက်ဝင်ပုံ

အခုလို အာဟာရဓာတ်ပေါင်းများစွာပါဝင်တာကြောင့် ကြက်သွန်ဖြူကို စူပါ အစားအစာလို့တောင် ခေါ်ဝေါ်ကြပါတယ်။

ပါဝင်တဲ့ Antioxidants ဓာတ်တွေက နှလုံးကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ သွေးလွှတ်ကြောရဲ့ ကျုံ့နိုင်ဆံ့နိုင်မှုကိုအားကောင်းစေပြီး မကောင်းတဲ့ကိုလက်စထရောတွေကို ဖယ်ရှားပေးကာ သွေးဖိအားကို ထိန်းညှိပေးပါတယ်။

ခန္ဓာကိုယ်ထဲရှိဆဲလ်တွေဆီကိုလည်း သွေးစီးဆင်းမှုအားကောင်းစေတာကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားရင်

ကြက်သွန်ဖြူရဲ့အနံ့ကနေတစ်ဆင့် ဆလဖာကွန်ပေါင်းတွေရရှိပြီး ကောင်းမွန်စွာအိပ်စက်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

ရှေးတုန်းကဆိုရင် ကြက်သွန်ဖြူကိုခေါင်းအုံးအောက်မှာထားအိပ်ရင် မကောင်းတဲ့ ဝိဉာဏ်တွေ၊ အန္တရာယ်တွေကို ဖယ်ရှားနိုင်တယ်လို့တောင်ယုံကြည်ခဲ့ကြပါတယ်။ဒီလိုယုံကြည်စိတ်ချရတယ်လို့ ခံစားရတာက ဇန့် ဓာတ်ပါဝင်မှုကြောင့်ပါ။

ပထမပိုင်းတော့ အနံ့က နည်းနည်းဆိုးသလိုခံစားရပေမယ့် နောက်ပိုင်းမှာ ယဉ်သွားပါလိမ့်မယ်။ ကြက်သွန်ဖြူရဲ့အနံ့ကိုက ဆေးဖက်ဝင်ပါတယ်။

ခေါင်းအုံးအောက်မှာထားအိပ်ရင် ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ပြီးနောက်တစ်နေ့ မနက်အိပ်ယာထတဲ့အခါမှာ လန်းလန်းဆန်းဆန်းနဲ့ အားအင်ပြည့်ဝနေပါလိမ့်မယ်။