အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော်စားတိုင်း ကြက်ဥအခွံကို အလဟဿလွှင့်ပစ်မိနေပြီလား။ တကယ်တော့ ကြက်ဥအခွံက သင့် မီးဖိုချောင်အတွက် သာမက သင့်ရဲ့ဥယျာဉ်ခြံမြေအတွက်လည်း အင်မတန်မှ အသုံးဝင်ပါတယ်။

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အင်းဆက်ပိုးမွှားများကို ဝေးဝေးပြေးအောင် မောင်းထုတ်ပေးနိုင်ခြင်း

Source: draxe.com

သင့်ရဲ့ဥယျာဉ်ခြံမြေထဲမှာ အင်းဆက်ပိုးမွှားတွေ သောင်းကျန်းလို့ စိတ်ညစ်နေပြီလား။ ကြက်ဥအခွံလေးတွေကို အင်းဆက်ပိုးမွှားများ ထူထပ်တဲ့နေရာမှာ ဖြန့်ကြဲပေးလိုက်ပါ။ ခရု၊ ပတ်ကျိနဲ့ အခြားသော အင်းဆက်ပိုးမွှားများ ဝေးဝေးပြေးသွားပါလိမ့်မယ်။

မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ကြက်ဥအခွံကို အခြောက်ခံလိုက်ပါ။ ထို့နောက် အမှုန့်များရအောင် ကြိတ်ချေလိုက်ပါ။ ရရှိလာတဲ့ ကြက်ဥအခွံအမှုန့်များကို ကြက်ဥအကာနဲ့ ရောနှောပေးလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ စိုပြေတင်းရင်းတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါတယ်။

အရေပြားယားယံခြင်းကို သက်သာစေခြင်း

သင်က မကြာခဏ အရေပြားယားယံတတ်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုပေးနိုင်ပါတယ်။

ကြက်ဥအခွံများကို ပန်းသီးရှာလကာရည်ထဲ နှစ်ရက်ကြာအောင် စိမ်ပေးလိုက်ပါ။ ထို့နောက် ဝါဂွမ်းစလေးကို ထိုအရည်ထဲ နှစ်ပြီးနောက် ယားယံနေတဲ့အရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ယားယံခြင်းဝေဒနာ သက်သာသွားပါလိမ့်မယ်။

ဓားသွေးတဲ့အခါ အသုံးပြုနိုင်ခြင်း

Source: fresheggsdaily.com

ကြက်ဥအခွံကို ရေခဲသေတ္တာထဲမှာ မာသွားတဲ့အထိ အအေးခံလိုက်ပါ။ ကြက်ဥအခံက အေးစက်မာကြောသွားပြီဆိုရင်တော့ တုံးနေတဲ့ဓားကို ထက်အောင် သွေးနိုင်ပါပြီ။

အိမ်တွင်းဥယျာဉ်ထဲရှိ သစ်ပင်ပန်းမာန်များကို ကယ်လ်စီယမ်ဓာတ် ဖြည့်တင်းပေးနိုင်ခြင်း

ခရမ်းချဉ်သီးအပင်၊ ငရုတ်ပင် စတဲ့ အပင်တွေ အသီးမသီးလို့ စိတ်ညစ်နေပြီလား။ ဒါက ကယ်လ်စီယမ်ဓာတ် ချို့တဲ့နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ထိုအပင်ရဲ့ အောက်ခြေမှာ ကြက်ဥအခွံလေး ချထားလိုက်ပါ။ သင့်အပင်လေးတွေက ကယ်လ်စီယမ်ဓာတ်ရရှိသွားပြီး အလျင်အမြန် အသီးသီးလာပါလိမ့်မယ်။

Source: Onegoodthingbyjillee.com