ဒူးရင်းသီးရဲ့ အရသာက အရမ်းကို စားလို့ကောင်းပေမယ့် ဘတ်စ်ကားပေါ်၊ ရုပ်ရှင်ရုံ စသည့် အလုံပိတ်အခန်းတွေမှာတော့ သယ်ယူစားသောက်ခွင့်မရှိပါဘူး။

ဘယ်လောက်ဘဲ ကြိုက်နှစ်သက်သူဖြစ်ဖြစ် ကြာလာရင် ဒူးရင်းသီးအနံ့ကို မခံနိုင်ကြပါဘူး။

ဒူးရင်းသီးက အရင်ကဆိုရင် အရှေ့တောင်အာရှမှာပဲ စားလို့ရတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်လောက်တုန်းကဆိုရင် အနောက်နိုင်ငံ ကမ္ဘာလှည့်ခရီးသည်တွေက အရှေ့တောင်အာရှရောက်ရင် ဒူးရင်းသီးကို မြည်းစမ်းကြည့်ပြီးမှ ပြန်ကြပါတယ်။

ဒူးရင်းသီးကို အင်ဒိုနီးရှား၊ မလေးရှား နဲ့တခြား အရှေ့တောင်အာရှ နိုင်ငံတွေမှာ

ဒါပေမယ့်အခုနောက်ပိုင်း ဒူးရင်းသီးကို မျိုးရိုးဗီဇတွေပြောင်းလဲပြီး အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေမှာတော့ စိုက်နေကြပါပြီ။

ဘာကြောင့် အနံ့ဆိုးနေရတာလဲ

ဒူးရင်းသီးကို ဓာတု ဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးကြည့်လိုက်ရာ အခုလို အနံ့ပြင်းပြင်းထွက်စေတဲ့ ဓာတုပေါင်း ၄၄ မျိုးလောက်တွေ့ရှိခဲ့ရပါတယ်။

အသီးအနံ့၊ ပျားရည်အနံ့၊ ကြက်သွန်နီအနံ့၊ ကြက်ဥပုပ်အနံ့၊ ဒူးရင်းသီးမှာဘဲ ရှိတဲ့ အနံ့ အစရှိသည့် အနံ့ဆိုးဆိုးရွားရွားကိုဖြစ်စေနိုင်တဲ့ ဓာတု ပေါင်း ၄၄ မျိုးကို တွေ့ရှိခဲ့ရပါတယ်။

ဒူးရင်းသီးမှာ အနံ့ပြင်းတဲ့ ဓာတုတွေစုပေါင်းပါဝင်နေတဲ့ အသီးဖြစ်တာကြောင့် အရသာကောင်းပေမယ့် အနံ့က ဆိုးရွားပြင်းထန်နေတာဖြစ်ပါတယ်။