သင်ဟာ ကျန်းမာရေးအတွက် ဂရုစိုက်သူ တစ်ယောက် ဒါမှမဟုတ် အစားအသောက်တွေကို စနစ်တကျ ကျန်းမာရေးနဲ့ အညီ စားသောက်သူ တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ခရီးတွေသွားတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ အညီ သရေစာတွေကို ဂရုစိုက် စားသောက်သင့်ပါတယ်။ လူတိုင်းနီးပါးဟာ ခရီးတွေ ထွက်တဲ့အခါ ဝလာတာမျိုး ဒါမှမဟုတ် အစာအိမ်ပြဿနာ စသည်ဖြင့် ဖြစ်တတ်တဲ့ လူတွေ ရှိပါတယ်။

အိမ်မှာ နေရင်တော့ ကျန်းမာရေး လိုက်စားသူအဖြစ် အစားအစာတွေ ဂရုစိုက်ပြီး အိမ်နဲ့ ဝေးတဲ့အခါ ဒီအလေ့အကျင့်ကောင်းတွေ ပျောက်သွားတတ်ပါတယ်။ ဒါဆို ခရီးသွားတဲ့အခါ အဆင်ပြေစေမယ့် သရေစာတွေ စားဖို့ လိုလာပါပြီ။ ဗိုက်လည်း ပြည့်စေမယ် Healthy Eating ပုံစံကိုလည်း မပျက်စေဖို့ပါ။

ငှက်ပျောသီးနဲ့ ပန်းသီး

အင်မတန် လွယ်ကူစေတဲ့ သရေစာပါ။ အိတ်ထဲ အလွယ်တကူ ထည့်လို့ ရပြီး ဘယ်နေရာမှာမဆို အလွယ်တကူ စားလို့ ရပါတယ်။ ခရီးစဉ်တစ်လျှောက် ကားပေါ်မှာ ထောပတ်တွေနဲ့ ကြော်ထားတဲ့ အစေ့အဆန်တွေနဲ့ အာလူးကြော်တွေထက်စာရင် ဒီအသီးတွေက ပိုအဆင်ပြေစေပါတယ်။

သစ်သီးစိပ်

ဘူးထဲမှာ အသီးတွေကို စိပ်ပြီး လမ်းမှာ စားခြင်းက လန်းဆန်းစေပြီး ဗိုက်ပြည့်စေပါတယ်။ မုန်လာဥနီ၊ သခွားသီးနဲ့ တခြား အသီးတွေကို အခွံ့နွှာ စိပ်ပြီး ဘူးထဲ ထည့်သွားမယ်ဆိုရင် အဆင်ပြေစေမယ့် Healthy Eating တစ်မျိုးပါ။ မြန်မာပြည်က လူတွေ အတော်များများ ဒီနည်းကို ကျင့်သုံးကြပါတယ်။

ကုလားပဲကြော်

chickpeas

Roasted လုပ်ထားတဲ့ ပဲထုပ်လေးတွေဟာ ကယ်လိုရီနည်းပြီး မြေပဲထက် ပိုပြီး စားဖို့ အဆင်ပြေပါတယ်။ တကယ်လို့ မြေပဲ စားမယ်ဆိုရင်တော့ ကြော်ထားတာထက် ဆားနဲ့ လှော်ထားတဲ့ မြေပဲလှော်မျိုးကို စားသင့်ပါတယ်။

ချောကလက်

ချောကလက်တွေဟာ ဗိုက်ပြည့်လွယ်ပြီး အစာပြေစေတဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ သယ်ရတာ လွယ်ကူပြီး အလွယ်တကူ စားလို့ ရပါတယ်။ Dark Chocolate ဆိုရင်တော့ ပိုကောင်းပါတယ်။

Trail mix

mix

Trail mix ဆိုတာကတော့ အခြောက်ပြုလုပ်ထားတဲ့ အသီးတွေနဲ့ အစေ့အဆန်တွေကို ရောပြီး စားတာမျိုးပါ။ သီဟိုဠ်စေ့။ ဖရုံစေ့တို့လို အစေ့အဆန်တွေကို ရောပြီး စားတာပါ။ မြန်မာပြည်မှာတော့ တကူးတက ရောစားတာမျိုး မဟုတ်ပေမယ့် ခရီးထွက်ရင်တော့ ဒီအစားအစာတွေကို စားကြပါတယ်။

Sea Weed

ရေညှိတွေဟာ ခရီးသွားသူတွေအတွက်တော့ အဖော်မွန်ပါပဲ။ သယ်ရတာ ပေါ့ပါးပြီး အလုပ်ဖြစ်စေမယ့် သရေစာ တစ်မျိုးပါ။ ကျန်းမာရေးအရလည်း အဆင်ပြေပါတယ်။

Credit: Zeenews

Featured Image Source: medium.com