ကလေးငယ်တွေကို နို့ချိုတိုက်ခြင်းဟာ ကလေး အတွက် အရေးကြီးသလို မိခင်တွေ အတွက်လည်း အရေးပါလှပါတယ်။ ဘာကြောင့်လဲဆိုရင် ၂ဦးစလုံးရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်နေလို့ပါ။ နို့ချိုတွေကနေ ကလေးဆီကို အာဟာရတွေ ပေးနိုင်သလို မကောင်းတဲ့ဓာတ်တွေလည်း နို့ချိုတွေထဲကနေ ပါသွားတတ်ပါတယ်။ ဒါကြောင့် ကလေးမိခင်တွေဆိုရင် အစားအစာကို ဆင်ခြင်ပြီး စားကြပါတယ်။ အစားအစာတွေကို စားတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရမျှတအောင် တွက်ချက်စားကြပါတယ်။

မိခင်တွေ အနေနဲ့လည်း သရေစာ အစားအစာဖြစ်တဲ့ Snack လေးတွေကို စားချင်ကြပါတယ်။ အာဟာရပညာရှင်တွေရဲ့ အကြံဥာဏ်ပေးထားတဲ့ Snack လေးတွေကို ချစ်စဖွယ် ကလေးလေးတွေရဲ့ မိခင်များအတွက် ပြန်လည် မျှဝေ ချင်ပါတယ်။

၁။ အခွံမာအသီးအဆံများ

nuts

အခွံမာ အသီးအဆံတွေဟာ အမျှင်ဓာတ်နဲ့ အဆီအက်ဆစ်ဓာတ်တွေ ပါဝင်ပြီး သူတို့ဟာ ပရိုတိန်းတွေကို ရနိုင်မယ့် အကောင်းဆုံး အစားအစာပါ။

၂။ ဒိန်ချဉ်

yourt

ကယ်လ်ဆီယမ်နဲ့ ပရိုတိန်းဓာတ်တွေ များပြားစွာ ပါဝင်တဲ့ ဒိန်ချဉ်ဟာ နို့တိုက်မိခင်တွေ အတွက် အကောင်းဆုံး သရေစာ တစ်မျိုးပါ။ ဒါပေမယ့် အရမ်းချိုပြီး ပုံစံပြောင်းထားတဲ့ ဒိန်ချဉ်တွေကိုတော့ မစားသင့်ပါဘူး။

၃။ ကြက်ဥပြုတ်

eggs

ကြက်ဥကို ကျက်အောင် ပြုတ်ထားတဲ့ သရေစာကို နို့တိုက်မိခင်တွေ စားသင့်ပါတယ်။ ပရိုတိန်းတွေ ကြွယ်ဝတဲ့ အတွက် ကလေးကို အာဟာရအပြည့်အ၀ ရစေပါတယ်။

၎။ Salad

salad

အသီးအနှံတွေနဲ့ အသီးအရွက်တွေကို Salad အဖြစ် စားပေးလို့ ရပါတယ်။ အသစ်စက်စက် ကလေးအမေတွေ ဆိုရင်တော့ စားကို စားသင့်ပါတယ်။ ရေဓာတ် မြင့်မားစွာ ပါဝင်ပြီး ရေငတ်ပြေစေတဲ့ အတွက်ပါ။

၅။ Sandwich

sanwich

ပေါင်မုန့်ကို အသား၊ ခရမ်းချဉ်၊ ဥနီတို့ ညှပ်ပြီး Sandwich အဖြစ် စားပေးသင့်ပါတယ်။ ကလေးရော မိခင်မှာပါ လိုအပ်တဲ့ ဗီတာမင်နဲ့ ပရိုတိန်းတွေကို တခါတည်း ရနိုင်လို့ပါ။

၆။ ထောပတ်သီး

avocado_620x310

အမျှင်ဓာတ်နဲ့ ဗီတာမင်စီတွေဟာ ထောပတ်သီးမှာ အများအပြား ပါဝင်ပါတယ်။ အသီးဖျော်ရည်အဖြစ် သောက်ပေးတဲ့ အခါ အချိုဓာတ် လွန်လွန်ကဲကဲ မထည့်မိဖို့တော့ သတိပြုရပါမယ်။