ဗိုက်လည်း ဝပြီး ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းစေမယ့် အဆာပြေ အစားအစာများကို တင်ဆက်ပေးချင်ပါတယ်။ ဒီအစားအစာတွေက အလွယ်တကူပဲ ပြင်ဆင် စားသုံးနိုင်ပါတယ်။

ပန်းသီးနဲ့ အဆီထုတ်ထားတဲ့ နွားနို့

အသီးတွေ အားလုံးလိုလိုက အဆာပြေ စားဖို့အတွက် အသင့်တော်ဆုံးပါ။ ဒါပေမယ့် အဆီထုတ်ထားတဲ့ နွားနို့နဲ့ ပါ တွဲလျက် စားသုံးမယ်ဆိုပါက ပရိုတင်းဓာတ်ကိုပါ ရရှိပါတယ်။ ပရိုတင်းဓာတ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပြီး နာရီပေါင်းများစွာ ကြာမြင့်တဲ့အထိ ဗိုက်ပြန်မဆာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ပန်းသီး ကြီးကြီးတစ်လုံးနဲ့ နို့ တစ်ခွက်က ပရိုတင်း ၁၀ ဂရမ်နဲ့ အမျှင်ဓာတ် ၅ ဂရမ်ကို ပေးနိုင်ပြီး ကယ်လိုရီ ၂၀၀ ဝန်းကျင်သာ ရှိပါတယ်။

တူနာငါးနဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ဘီစကစ်

တူနာငါး မှာ ပရိုတင်းဓာတ်တွေရော၊ Omega တို့ပါဝင်ပါတယ်။ တူနာငါး ၃ အောင်စနဲ့ ဘီစကစ် ၆ ချပ်စားပါက ပရိုတင်း ၂၀ ဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ် နဲ့ ကယ်လိုရီ ၂၀၀ နီးပါး ရရှိမှာ ဖြစ်ပါတယ်။

ပုစွန် အစာပြေ

တခါတရံ ပုစွန်ကို ဒိန်ချဉ် နဲ့ ထောပတ်သီးတို့နဲ့ ရောချက်ပြီးလည်း အဆာပြေအနေနဲ့ စားသုံးနိုင်ပါတယ်။ ဒီအဆာပြေစာမှာတော့ ပရိုတင်း ၉ ဂရမ် နဲ့ ကယ်လိုရီ ၁၂၉ လောက်ပါဝင်မှာဖြစ်ပါတယ်။

ကညွတ်ကြော်နဲ့ ကြက်ဥ အကျက်ပြုတ်

ကညွှတ်ကြော်မှာ အမျှင်ဓာတ်တွေ အများကြီးပါဝင်တဲ့အပြင် ကြက်ဥ ပြုတ်မှာလည်း ပရိုတင်းဓာတ်တွေအများကြီး ပါဝင်ပါတယ်။ ကညွှတ်မှာ ဗီတာမင် B6၊ ဗီတာမင် E နဲ့ တခြား အာဟာရတွေ အများကြီး ပါဝင်ပါတယ်။ ကညွှတ် ၁၅ ခုလောက်နဲ့ ကြက်ဥ အကျက်ပြုတ်တစ်ခုတို့မှာ ပရိုတင်း ၁၁ ဂရမ်၊ အမျှင်ဓာတ် ၅ ဂရမ်နဲ့ ကယ်လိုရီ ၁၂၆ လောက်ပါဝင်ပါတယ်။

Green Tea

ကယ်လိုရီမပါဝင်တဲ့ အစားအစာတွေက အဆာပြေ အစားအစာအဖြစ် ခံစားရမှာမဟုတ်ပါဘူး။ မီးဖိုချောင်ထဲမှာ ဗိုက်မဆာဘဲ ပျင်းနေလို့ တစ်ခုခု စားသောက်ချင်ရင်တော့ Green tea အေးအေးလေးကို သောက်တာက အသင့်တော်ဆုံးပါ။ Green Tea က ကိုယ်အလေးချိန် ကျဖို့ကို အားပေးတဲ့အပြင် ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အထောက်အပံ့ပေးပါတယ်။