ဗိုက်လည်း ခဏခဏ ဆာတတ်သူ၊ ကိုယ်အလေးချိန် တက်လာလို့ ဝိတ်ချ ချင်သူလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက် အသုံးဝင်မှာပါ။

ကယ်လိုရီ ၁၀၀ အောက်ပဲ ရှိတဲ့ အစားအစာတွေကို ဝေမျှချင်ပါတယ်။

ပန်းသီး

ပန်းသီးတစ်လုံးမှာ ကယ်လိုရီ ၇၀ ကနေ ၈၀ ကြားဘဲ ပါဝင်နေပါတယ်။ ပန်းသီး တစ်လုံးလုံး စားလို့ရပါတယ်။

ဒီထက်ပိုပြီး ကျန်းမာရေးအတွက် အကျိုးပြုချင်ရင် သစ်ကြမ်းပိုးခေါက် အမှုန့်လေးတွေကို အပေါ်ကနေ ဖြူးပေးပါ။

တစ်နေ့ကို ပန်းသီးတစ်လုံး စားရင် ကိုယ်အလေးချိန်ကျစေပြီး၊ အရိုးနဲ့သွားကို သန်မာစေကာ ဆီးချိုကိုလည်း ထိန်းညှိပေးပါတယ်။

Almomds စေ့

Almonds စေ့ ၁၂စေ့ကနေ ၁၄ စေ့ကြားလောက်က ကယ်လိုရီ ၉၀ ကနေ ၁၀၀ ကြားလောက်ဘဲ ရှိပါတယ်။ ပရိုတင်းနဲ့ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် သင့်ကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေမှာပါ။

ပဲပိစပ် ပြုတ်

ဂျပန် စားသောက်ဆိုင်ရောက်ရင် ပဲပိစပ် ပြုတ်လေးတွေ စားဖူးကြမှာပါ။ အရသာလည်း ရှိပြီး ကယ်လိုရီလည်း နည်းပါတယ်။

ပရိုတင်းပါဝင်ဓာတ်များတာကြောင့် သင့်ကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေမှာပါ။ အဲ့ဒီအပြင် သံဓာတ်၊ ဖောလစ်၊ ကယ်ဆီယမ်၊ ဗီတာမင် A, B12. K နဲ့ ဗီတာမင် စီတို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။