ပဲနို့ဟာ အရသာရှိပြီး လူကြိုက်များတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး ပဲနို့ကို သောက်ကြပြီး ပဲနို့သောက်တဲ့အခါ မလုပ်သင့်တဲ့ အကြောင်းအရာလေးတွေကို မျှဝေချင်ပါတယ်။
၁။ ကြက်ဥနှင့်အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင် (Trypsin)နှင့် ပေါင်းစပ်မိသောအခါ ခန္ဓာကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တုတစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရဓာတ်ကို ဆုံးရှုံး သွားစေတတ်ပါသည်။
၂။ ကြံသကာနှင့်အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။
၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်
ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင်မပြုတ်ဘဲ သောက်သုံးပါက အော်ဂလီဆန်တတ်သည်။ အော့အန်တတ်သည်။ နောက်ဆုံး ဝမ်းလျှောတတ်ပါသည်။
၄။ ဓာတ်ဘူးနဲ့မတည့်
ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးများ ပြန့်ပွားစေတတ်၍ ကျန်းမာရေးက အထူး ထိခိုက်စေပါသည်။
Credit: Myawady News