ဒီတစ်ခါမှာတော့ အသီးအနှံတွေကို သုပ်စားလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုရာသီး ၂ လုံး

သကြား အနည်းငယ်

ငရုတ်သီး ၃ထောင့် (တောက်တောက်စဉ်းထားပါ)

မြေပဲဆံထောင်းထားတာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သစ်တော်သီး ၁ လုံး  (၁လက်မ အရွယ်အတုံးလေးတွေ တုံးထားပါ)

နာနတ်သီး တစ်ခြမ်း (၁ လက်မ အရွယ်အတုံးလေးတွေ တုံးထားပါ)

မုန်လာဥနီ ၁ လုံး

စပျစ်သီး ၁ခိုင်

တရုတ်နံနံပင် ၂ ပင်

ဟင်းခတ်မှုန့် အနည်းငယ်

ပြုလုပ်နည်း

ငါးငံပြာရည်၊ ဟင်းခတ်မှုန့်၊ သံပုရာသီး ၂လုံးထဲက ညှစ်ယူထားတဲ့ သံပုရာရည်၊ သကြား၊ဟင်းခတ်မှုန့်၊ ငရုတ်သီးတို့ကို ဇလုံထဲထည့်နယ်ပါ။

သစ်တော်သီး၊ နာနတ်သီး၊ စပျစ်သီး၊ မုန်လာဥနီ တို့ကိုပါထည့်ပြီးနယ်ပါ။ တရုတ်နံနံပင်နဲ့ မြေပဲတို့ကိုဖြူးလိုက်ပါ။

Photo Credit: Petsy Life