မှိုတွေကတော့ မျက်လုံးနဲ့မြင်နိုင်တာတွေ ရှိသလို မမြင်နိုင်တဲ့ မှိုတွေလည်းရှိပြီး မှိုတွေက နေရာတိုင်းမှာ ရှိနေပါတယ်။
တခါတလေ မိုက်ခရို စကုပ်နဲ့မှ မြင်နိုင်တဲ့ မှိုတွေက ရေချိုးခန်းမှာရှိနေသလို ကိုယ်စားတဲ့အစားအစာ၊ အဝတ်လျှော်စက် စတဲ့ နေရာမျိုးစုံမှာ ရှိနေတတ်ပါတယ်။
တခါတလေမှိုတွေနဲ့မတည့်ရင် နှာချေတာ၊ မျက်လုံးယား၊ မျက်ရည်ကျ၊ လည်ပင်းနာ၊ ချောင်းဆိုး စတာတွေ ဖြစ်တတ်ပါတယ်။
မှိုတွေနဲ့ ထိတွေ့တာများပြီး ဓာတ်မတည့်ရင်
ကိုယ်ခံအားကို ပြန်တိုက်တဲ့ရောဂါ
အမြင်တွေ ေ၀ဝါး
အဝလွန်
စိတ်ဖိစီးမှုများ
ခေါင်းကိုက်
ရောင်ရမ်း
အဆစ်အမြစ်ရောင်
စိတ်ရှုပ်ထွေးပြီး သတိမေ့ခြင်း
အသားအရေ ယားယံခြင်း
စတာတွေ ခံစားရပါတယ်။
မှိုတွေကို Tea Tree အဆီနဲ့ဖြန်းပြီး ဖယ်ရှားလိုက်ပါ။
ပါဝင်ပစ္စည်း
ရေဖြန်းလို့ရတဲ့ ဗူး
ရေ ၂ ခွက်
Tea Tree Oil လက်ဖက်ရည်ဇွန်း ၂ ဇွန်း (City Mart နဲ့ တချို့ အလှအပဆိုင်ရာ ဆိုင်တွေ မှာရနိုင်ပါတယ်။)
ပြုလုပ်နည်း
Tea Tree Oil နဲ့ ရေကို ရောပြီး ရေဖြန်းတဲ့ ဗူးထဲထည့်ပါ။
မှိုများများရှိမယ့် နေရာကို ဖြန်းပါ။ မှိုတွေက ၂၄ နာရီအတွင်း သေသွားမှာပါ။