စတော်ဘယ်ရီပေါ်တဲ့ ရာသီမှာဆိုရင် လတ်လတ်ဆတ်ဆတ်ပိုပြီးသောက်လို့ကောင်းစေတဲ့   စတော်ဘယ်ရီသီးကို အဓိကအသုံးပြုပြီး အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်တဲ့ Detox ဖျော်ရည်လေး သောက်ကြည့်ရအောင်။

ပါဝင်ပစ္စည်း

စတော်ဘယ်ရီသီး ၄ လုံး

မက်မွန်သီး ၁ လုံး

နာနတ်သီး ၂ စိတ်

ရေ ၂၀၀ ml

ပြုလုပ်နည်း

နာနတ်သီး ကို အခွံခွာပြီး အစိတ်လေးတွေ စိတ်ပါ။ စတော်ဘယ်ရီသီး တွေကို ဆေးပြီး အမြီးတွေကို ညှပ်ထားပါ။ မက်မွန်သီးကို ဆေးပြီး သေးသေးလေးတွေ စိတ်ထားပါ။ အထဲမှာပါတဲ့ အစေ့လေးတွေကို ဖယ်ပါ။

အရည်သက်သက်၊ အဖက်သက်သက် ထွက်တဲ့စက်နဲ့ထုတ်ပါ။

ပြီးရင် သေချာမွှေပြီး သောက်ပါ။

စတော်ဘယ်ရီက အစာခြေစနစ်ကို ကောင်းစေပြီး ဝမ်းချုပ်တာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

မက်မွန်သီးမှာ Pectin ဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းအတွင်း ရေဓာတ်ကို ပိုစုပ်ယူနိုင်ပြီး ဝမ်းချုပ်တာကို သက်သာစေကာ ဝမ်းဗိုက်ကို ပြည့်သလို ခံစားရမှာပါ။

ဒီဖျော်ရည်က ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေတွေ ကြည်လင်လှပစေပါတယ်။

Featured Image Source: NaturalON