အရသာ ချိုဆိမ့်ပြီး တစ်နှစ်မှာ တစ်ရာသီပဲ စားရတဲ့ သြဇာသီးတွေကို ပေါပေါများများ တွေ့နေရပါပြီ။ ဆေးဖက်ဝင်ပြီး အနံ့လေး မွှေးတဲ့ သြဇာသီးဟာ ကိုယ်ပိုင် အစွမ်းနဲ့ နာမည်ကြီးပါတယ်။

သြဇာသီးမှာ သိုင်ယာမင်း (B1)၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2)၊ သဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီယမ်၊  ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် တို့ ပါဝင်ပါတယ်။

သြဇာသီးဟာ အစာမကြေခြင်းနဲ့ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းတို့ကို သက်သာစေပါတယ်။ ရင်ပြည့်သလို ခံစားနေရတဲ့ အခါ သြဇာသီးတစ်လုံးကို စားလိုက်ရင် သက်သာစေပါတယ်။   သြဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ၀မ်းချုပ်ခြင်း ကင်းဝေးစေပြီး ၀မ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာတို့ကိုလည်း သက်သာစေပါတယ်။ ပိုတက်စီယမ်နဲ့ ဂ္ဂနီဆီယမ်တို့ ပါဝင်မှု များတာကြောင့် နှလုံးရောဂါမဖြစ်အောင် အကာအကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို  သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။

သြဇာသီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေရဲ့ အစွမ်းဟာ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်ပေးပါတယ်။ အသားအရေကို ကြည်လင်စတဲ့ ဗီတာမင်အေ ပါဝင်တာကြောင့် လှပတဲ့အသားအရေကို ရစေပါတယ်။ ကိုယ်တွင်းရေဓာတ်ကို ထိန်းပေးပြီး အဆစ်တွေကို ကျန်းမာစေပါတယ်။