ဆီးချိုဖြစ်မှာကြောက်လို့ သကြားဓာတ်ပါဝင်မှုနည်းသည့် အစားအစာတွေ သင်ရှာနေပါသလား။

ကညွတ်

ကညွတ်မှာ အဆီဓာတ်နှင့် သကြားမပါဝင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအတွက် ကောင်းမွန်သည့် အာဟာရဓာတ်များစွာပါဝင်နေပါတယ်။

ဗီတာမင် A ၊ C ၊ E ၊ K နှင့် B6 တို့ပါဝင်သည့်အပြင် တခြား သတ္တုဓာတ်များဖြစ်သည့် သံဓာတ်၊ကော့ပါး၊ ဖောလစ်နှင့် ပရိုတင်းဓာတ်များလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကိုလည်း ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ အဆီဓာတ်မပါတဲ့အပြင် သကြားဓာတ်လည်း အနည်းငယ်သာ ပါဝင်ပါတယ်။

ဗီတာမင် A၊ C ၊ D ၊ E ၊ K ၊ အမျှင်ဓာတ်၊ ကယ်ဆီယမ် နှင့် တခြား အာဟာရဓာတ်များဖြစ်သည့် သံဓာတ်၊ Phosphorus၊ ဇန့် နှင့် ပိုတက်ဆီယမ်ဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

ထောပတ်သီး

ထောပတ်သီးက အရသာရှိပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ထောပတ်သီးက သကြားဓာတ်နည်းပါးပြီး အဆီဓာတ်လည်းပါဝင်မှုနည်းပါတယ်။

အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး တို့ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် E, A, K , B6 နှင့် C တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။