ဆံပင် မကြာခဏကျွတ်ပြီး ပါးနေလို့ စိတ်ညစ်နေပြီလား။ အရင်လို ဆံကေသာ ထူထဲပြီး ပိုးသားလေးလို တောက်ပြောင်နေစေမယ့် အမြန်ဆုံးနဲ့ အထိရောက်ဆုံး အိမ်တွင်းနည်းလမ်းလေး ရှိတယ်ဆိုရင်ရော စိတ်ဝင်စားကြရဲ့လား။

ပါဝင်ပစ္စည်းတွေကိုတော့ ခက်ခက်ခဲခဲ ရှာနေစရာမလိုပါဘူး။ သင့် မီးဖိုချောင်မှာ ရှိပြီးသားဖြစ်တဲ့ အစားအစာတွေကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှည့် ၁ လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥ ၁ လုံးတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆံကေသာနှင့် ဦးရေပြားအနှံ့ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့် ထားထားပါ။ သတ်မှတ်ချိန်ပြည့်မှ ရေနွေးနွေးဖြင့် လျှော်ချလိုကပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရွက် တစ်ရွက်မှာရှိတဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်များကို ဇွန်းဖြင့် ခပ်ယူပြီးနောက် အယ်လ်မွန်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆံကေသာပေါ် သုတ်လိမ်းပြီး မိနစ် ၂၀ ကြာမှ ရေနွေးနွေးဖြင့် ဆေးချလိုက်ပါ။

ဗောက်ပျောက်ဖို့အတွက် ငှက်ပျောသီးဖြင့် ပေါင်းတင်ပါ

ငှက်ပျောသီး တစ်လုံးကို အတုံးသေးသေးလေးများ တုံးပြီးနောက် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် အနှစ်များဖြစ်သွားအောင် ချေပေးလိုက်ပါ။ ထို့နောက် ဆံကေသာအနှံ့ သုတ်လိမ်းပေးလိုကပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

ဆံပင်ပြန်ပေါက်စေမယ့် မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၉ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးကာ ၁ မိနစ်မှ ၃ မိနစ်ခန့် ထားထားလိုက်ပါ။ ပြီးမှ ရေဖြင့် သေချာဆေးကြောပေးလိုက်ပါ။

ထိုပေါင်းတင်နည်းများထဲမှ မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးဖြင့် ပုံမှန်ပေါင်းတင်ပေးပါက တစ်လကြာတဲ့အခါ ထူးခြားတဲ့ ပြောင်းလဲမှုကို မြင်တွေ့ရပါလိမ့်မယ်။

Source: Brightside.me