အသည်းက ခန္ဓာကိုယ်ထဲရှိ အင်္ဂါတွေထဲမှာ အရေးကြီး အင်္ဂါတစ်ခုဖြစ်ပါတယ်။ အသည်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး နာတာရှည်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးထားတာပါ။

ဒါ့ကြောင့် အသည်းကို အဆိပ်အတောက်တွေကနေ ကင်းရှင်းပြီး ဆေးကြောနိုင်ဖို့ အရေးကြီးပါတယ်။

သဘာဝအတိုင်း ဆေးကြောနိုင်တဲ့ အစားအစာများကို ဝေမျှပေးပါမယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ကျန်းမာရေးနဲ့ အသင့်တော်ဆုံး ဟင်းသီးဟင်းရွက်ထဲမှာပါဝင်ပါတယ်။

အဲ့ဒီအပြင် သူ့မှာ စွမ်းအားမြင့် Antioxidants ဓာတ်တွေပါဝင်တာကြောင့် အသည်းတွေကို သဘာဝအတိုင်း ဆေးပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ချပေးပါတယ်။

အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အစာခြေစနစ်အတွက် ကောင်းပြီး မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကိုလည်း ကျစေပါတယ်။

ပန်းသီး

ပန်းသီးက အသည်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီအပြင် Pectin ဆိုတဲ့ အမျှင်ဓာတ်လည်းပါဝင်တာကြောင့် အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှာပေးနိုင်ပါတယ်။

သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်ကိုလည်း လျော့ချစေပါတယ်။ ဒါ့အပြင် သွေးထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်စေတဲ့ Carcinogens ကွန်ပေါင်းဓာတ်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

Citrus အသီးများ

Citrus အသီးများဖြစ်တဲ့ သံပုရာသီး၊ လိမ္မော်သီး စသည့်အသီးများမှာ Essentials Oils နဲ့ Antioxidants တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသည်းကို သဘာဝနည်းဖြင့် သန့်စင်ပေးနိုင်ပါတယ်။

ဗီတာမင်စီ ဓာတ်ပါဝင်မှုလည်းမြင့်မားတာကြောင့် ကိုယ်ခံအားစနစ်ကို မြင့်မားစေပါတယ်။