အမျိုးသမီးများအတွက် အဓိကစိုးရိမ်ပူပန်စရာတစ်ခုဖြစ်သောဗိုက်မှအဆီပိုများသည် သင့်ပုံပန်းသဏ္ဍာန်ကို ကြည့်ရဆိုးစေရုံသာမကသွေးပေါင်ချိန်၊ ဆီးချို နှင့် အသည်းအဆီဖုံးသည့်ရောဂါများ ဖြစ်နိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။ လူအများစုသည် ထိုအဆီပိုများကိုဖယ်ရှားရန်အတွက် အစာလျော့စားကြသော်လည်းထိရောက်သည့်နည်းလမ်းတစ်ခုတော့မဟုတ်ပေ။

ကြည့်မကောင်းသောဗိုက်ရှိအဆီပိုတွေကို ပျောက်ရှရန်အတွက် လုပ်ဆောင်နိုင်မည့်နည်းလမ်းကောင်းနှစ်ခုမှာ အစားအသောက်များကို စနစ်တကျရွေးချယ်စားသောက်တတ်ရန်နှင့် ကိုယ်ကာယလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပေးဖို့ပဲ့ ဖြစ်ပါတယ်။

ထို့အတွက် မည်သည့်အစားအစာများက မလိုလားအပ်သောဗိုက်အဆီပိုတွေကိုဖယ်ရှားပစ်ရန်ကူညီပေးနိုင်သလဲဆိုတာကို သိရှိနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အယ်လ်မွန်

အယ်လ်မွန်တွင်ပါဝင်သည့် ကျန်းမာရေးနှင့်ညီညွတ်သောအဆီများသည် အလွန်အကျွံစားသုံးခြင်းမှ ကာကွယ်ပေးပြီး နှလုံးရောဂါဖြစ်ပေါ်ခြင်းကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။ ကြွက်သားများတည်ဆောက်ရန်အတွက် လိုအပ်သောမဂ္ဂနီဆီယမ်မြင့်မားစွာပါဝင်ပြီးအဆီပိုများကိုလောင်ကျွမ်းရန်အတွက်လည်းကူညီပေးနိုင်ပါတယ်။

၂။ ဖရဲသီး

ရေပါဝင်မှု ၉၁ ရာခိုင်နှုန်းရှိသောကြောင့် အစာမစားခင်ဦးစွာဖရဲသီးကိုစားထားခြင်းသည် ထမင်းစားသောက်နေစဉ်အတွင်းအခြားကယ်လိုရီများထပ်မပေါင်းနိုင်ရန် ကူညီပေးနိုင်ပါတယ်။ ဖရဲသီးဖျော်ရည်ကိုနေ့စဉ်နေ့တိုင်းရှစ်ပတ်ကြာသောက်သုံးပေးပါကကိုယ်အလေးချိန်ကိုအံ့မခန်းလောက်အောင် လျော့ကျသွားစေနိုင်ပါတယ်။

၃။ ပဲများ

အမျိုးမတူသောပဲများကိုစားသုံးပေးခြင်းသည် ခန္ဓာကိုယ်အဆီကိုလျော့ချပေးပြီး ကြွက်သားများဖွံ့ဖြိုးစေခြင်း၊ အစာချေစနစ်ကိုတိုးတက်စေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်ကြာကြာဗိုက်ပြည့်နေစေမှာဖြစ်သောကြောင့် အလွန်အကျွံစားခြင်းမှလည်းတားဆီးပေးနိုင်ပါတယ်။

၄။ တရုတ်နံနံ

ချပ်ရပ်သောဗိုက်အလှကိုရရှိနိုင်ရန်အတွက် တရုတ်နံနံကဲ့သို့ ကယ်လိုရီနည်းပါးသည့် ဟင်းသီးဟင်းရွက်များစားသောက်ဖို့ အလွန်အရေးကြီးပါတယ်။ ထိုမျှသာမကအမျိုးသမီးများတွင် ဖြစ်ပွားတတ်သည့် သားအိမ်ကင်ဆာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

၅။ သခွားသီး

လတ်ဆတ်အေးမြ၍ ကယ်လိုရီပါဝင်မှုနည်းပါးသည့် အစားအစာတစ်ခုဖြစ်ပြီးသခွားသီးကိုနေ့စဉ်မှန်မှန်စားသုံးပေးပါကသင့်အသားအရေကို ဝင်းလက်တောက်ပလာစေနိုင်ပါတယ်။

၆။ ခရမ်းချဉ်သီး

ဗိုက်အဆီများကိုဖယ်ရှားရန်သာမက အဝလွန်ခြင်းနှင့်ဆက်စပ်နေသောနာတာရှည်ရောဂါများရန်မှလည်းကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။ အရည်ရွှမ်းသည့် အသီးအနှံတစ်ခုဖြစ်သောကြောင့် အရေးအကြောင်းများ၊ ကင်ဆာရောဂါများ၊ ကိုလက်စထရောပမာဏနည်းပါးအောင် လုပ်ဆောင်ရာတို့တွင်လည်းအထောက်အကူပြုနိုင်ပါသေးတယ်။

၇။ ထောပတ်သီး

ထောပတ်သီးတွင်ပါဝင်သည့် Lecithin ခေါ် အမီနိုအက်စစ်သည် ခန္ဓာကိုယ်အလေးချိန်ကိုထိန်းသိမ်းရာတွင် ကူညီပေးနိုင်ပါတယ်။ ထို့အပြင် အလှအပဆိုင်ရာကောင်းကျိုးများကိုလည်းထောက်ပံ့ပေးနိုင်ပါတယ်။