(Unicode)

စူပါမားကတ်တွေ ပေါ်လာပြီးတဲ့နောက် လူတွေ တော်တော်များများက စူပါမားကတ်မှာ ဝယ်ယူကြပါတယ်။ ကိုယ်လိုချင်တဲ့ပစ္စည်းအစုံအလင်ကို တစ်နေရာတည်းမှာ ရရှိနိုင်တာ၊ ပစ္စည်းတွေကို အေးဆေးရွေးချယ်ဝယ်ယူနိုင်တဲ့ အားသာချက်တွေကြောင့် ကုန်စုံဆိုင်တွေထက်စာရင် စူပါမားကတ်ကို ပိုရွေးချယ်ဖြစ်ကြပါတယ်။

ဈေးဝယ်ခြင်းတောင်းတွေ ကြီးလေလေ ပိုဝယ်ဖြစ်လေ

06-50-grocer-secrets-more-for-your-money-sl

ဈေးကွက်သုတေသနပညာရှင် မာတင် လန်ဆန်က ဈေးဝယ်ခြင်းထောင်းတွေကို ၂ ဆကြီးလိုက်တဲ့အခါမှာ ဝယ်ယူသူတွေက ခါတိုင်းထက် ၁၉ ရာခိုင်နှုန်းပိုဝယ်ဖြစ်သွားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

များများဝယ်လေ၊ များများ ကုန်လေ

3-50-grocer-secrets-soda-cans-sl

အရင်က တစ်ပတ်ကို ဆိုဒါအချိုရည် ၆ ဗူးသာဝယ်ပေမယ့် Discount ရတော့ ၁၂ ဗူးဝယ်ဖြစ်သွားကြပါတယ်။ ဒါပေမယ့် အဲ့ဒီ အအေး ၁၂ ဗူးလုံးက ၂ ပတ်မခံဘဲ ၁ပတ်တည်းမှာတင် ကုန်သွားတတ်ပါတယ်။

ကိုယ်ယူလာတဲ့ ပစ္စည်း ၄ မျိုးဈေးနှုန်းလောက်ဘဲ မှတ်မိ

6-50-grocer-secrets-checkout-lanes-sl

သာမန် ဈေးဝယ်သူတွေက ကိုယ့်ခြင်းထောင်းထဲမှာရှိတဲ့ ပစ္စည်း ၄ မျိုးလောက်ရဲ့ ဈေးနှုန်းလောက်ဘဲ အတိအကျမှတ်မိတတ်ပါတယ်။

ပိုက်ဆံမကုန်ချင်ရင် နားကြပ်တပ်ထားပါ

8-50-grocer-secrets-headphones-sl

စူပါမားကတ်တော်တော်များများမှာ သံစဉ်၊ တီးလုံး အေးအေးလေးတွေကို ဘဲ ဖွင့်လေ့ရှိပြီး အဲ့ဒီသီချင်းတွေရဲ့ beat သံက နှလုံးခုန်နှုန်းထက်ပိုနှေးပါတယ်။ အဲ့ဒီ သံစဉ်အေးအေးလေးတွေကြောင့် စူပါမားကတ်ထဲမှာ အချိန်ကြာကြာပိုနေဖြစ်ပြီး ၂၉ ရာခိုင်နှုန်းပိုဝယ်ဖြစ်ပါတယ်။ ဒါကြောင့် ပိုက်ဆံမကုန်ချင်ရင် ဖုန်းနားကြပ်တပ်ပြီး beat မြန်တဲ့ သီးချင်းတွေ နားထောင်ပါ။

ကိုယ်ဝယ်နေကျပစ္စည်းတွေဘဲ ထပ်ခါထပ်ခါဝယ်ဖြစ်နေ

4-50-grocer-secrets-milk-bread-eggs-sl

လူတွေက အများအားဖြင့် ဒီတစ်ပတ်သွားလဲ ဒီအစားအစာ၊ ပစ္စည်းတွေဘဲ ဝယ်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်အရင်အပတ်က ရှင်းထားတဲ့ ဖြတ်ပိုင်းကို သိမ်းထားရင် ဈေးနှုန်းကွာဟမှုကို အလွယ်တကူသိနိုင်ပါတယ်။

(Zawgyi)















