နံနံပင်က ဆေးဖက်ဝင်တယ်ဆိုတာ သိပေမယ့်လည်း အနံ့အနည်းငယ်ပြင်းတာကြောင့် အချို့လူတွေကတော့ အနားကိုမကပ်ရဲကြပါဘူး။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ နံနံပင်ကို ပုံမှန်အားဖြင့်တော့ ဒီအတိုင်း စားကြပေမယ့် အခုတစ်ခါမှာတော့ ရေနွေးကြမ်းအနေနဲ့ ပြောင်းသောက်ကြည့်ရအောင်ပါ။

ဒီအတိုင်းစားသလိုပဲ ဆေးဖက်ဝင်တဲ့ အစွမ်းသတ္တိတွေကို ရရှိခံစားနိုင်မယ့် နံနံပင်ရေနွေးကြမ်းကို ဘယ်လိုလုပ်ရမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

၂၅၀ မီလီလီတာရှိတဲ့ရေတစ်ခွက်ကို အိုးတစ်လုံးထဲမှာထည့်တည်ပါ။

နံနံပင်လက်တစ်ဆုပ်စာကို နုပ်နုပ်လေးတွေဖြစ်အောင် လှီးလိုက်ပြီး ဖန်ခွက်တစ်လုံးထဲထည့်ကာ အပေါ်ကနေ ရေနွေးလောင်းထည့်လိုက်ပါ။

၅-၁၀ မိနစ်နှပ်ထားလိုက်ပြီး ရေနွေးအရောင်ပြောင်းသွားရင် အဖတ်တွေကို ဆယ်ထုတ်လိုက်ပြီး နံနံပင်ရေနွေးကြမ်း ပူပူလေးကို သောက်သုံးနိုင်ပါတယ်။ စစသောက်ချင်းမှာ အရသာနဲ့သိပ်မရင်းနှီးသေးဘူးဆိုရင် ပျားရည်၊ သံပုရာရည် သို့မဟုတ် သကြားအနည်းငယ်ထည့်ပြီး သောက်နိုင်ပါတယ်။

နံနံပင်ရေနွေးကြမ်းသောက်ပေးခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့ –

  1. ဆီးချို၊ ကင်ဆာနှင့် နှလုံးရောဂါတို့မှ ကာကွယ်ပေးနိုင်ခြင်း
  2. ကျောက်ကပ်ကျောက်တည်ခြင်းကို ဟန့်တားနိုင်ခြင်း
  3. ဗီတာမင်စီကြွယ်ဝမှုကြောင့် ဖျားနာခြင်းတို့မှ ကြိုတင်ကာကွယ်ထားနိုင်ခြင်း
  4. ရာသီသွေးပေါ်ခြင်းကို ပုံမှန်ဖြစ်စေခြင်း
  5. သွေးချိုပမာဏကို လျော့ချနိုင်ခြင်း

တို့ပဲဖြစ်ပါတယ်။

Credit: wikihow.com