မန်ကျည်းဖျော်ရည်က ဖျော်ရတာလည်း လွယ်ကူပြီး ကုန်ကျစရိတ်လည်း မများပါဘူး။ ဒါပေမယ့် သူ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါပဲနော်။

မန်ကျည်းဖျော်ရည်မှာ သဘာ၀ အာဟာရဓာတ်တွေနဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်

မန်ကျည်းဖျော်ရည်မှာ Carotenes ဓာတ်နဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ များလာမှုကြောင့် သွေးလွှတ်ကြောတွေကျဉ်းလာတာတွေကို လျော့ချပေးနိုင်ပါတယ်။

ဒါ့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် သွေးတိုးကျစေပါတယ်။

နာတာရှည်ရောဂါတွေကို ကာကွယ်ပေး

ဗီတာမင် စီ၊ Carotenoids နဲ့ တခြား သဘာ၀ အာဟာရဓာတ်တွေပါဝင်တာကြောင့် Free Radicals တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒီလို Free Radicals တွေက ကင်ဆာရောဂါနဲ့တခြား နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

ဝမ်းချုပ်နေပြီဆိုရင် မန်ကျည်းဖျော်ရည်သောက်လိုက်ပါ။ ဝမ်းချုပ်တာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ အဲ့ဒီအပြင် အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။

အသားအရေနဲ့ ဆံပင် အလှအပအတွက်

မန်ကျည်းဖျော်ရည်က အသားအရေနဲ့ဆံပင် အလှအပအတွက် အကျိုးရှိပါတယ်။ နေလောင်ဒဏ်တွေ အသက်ကြီးလာလို့ အရေးအကြောင်းတွေ ဖြစ်တာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ အဲ့ဒီအပြင် အသားအရေခြောက်သွေ့တာတွေကိုလည်း ကာကွယ်ပေးပြီး ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

မန်ကျည်းဖျော်ရည်ဘယ်လိုလုပ်မလဲ

မန်ကျည်းသီး ၂ တောင့်

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ ၄ ခွက်

မန်ကျည်းသီးကို အခွံခွာလိုက်ပါ။ ပြီးရင်မန်ကျည်းသီးကို ရေပူပူ၂ခွက်ထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်ကြား စိမ်ထားပါ။ ပြီးရင် ရေအနည်းငယ်ထည့် သကြားထည့်ပြီး ညင်သာစွာမွှေပါ။ ပြီးရင် အနှစ်တွေဖယ်ထုတ်လိုက်ပြီး ရေ ၂ ခွက်ထည့်ကာ အအေးခံကာ သောက်လို့ရပါပြီ။