ကျောက်ဖရုံသီးမှာ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ ဗီတာမင် စီ၊ ဗီတာမင် ဘီတို့ မြင့်မားစွာ ပါဝင်တဲ့အပြင် အမျှင်ဓာတ်၊ ဇင့်ဓာတ်၊ သံဓာတ်၊ ဖော့စဖရပ်စ်၊ ပိုက်တက်စီယမ်နဲ့ အခြားသော ဗီတာမင်နှင့် သတ္တုဓာတ်တို့ အချိုးအစား မျှတစွာ ပါဝင်ပါတယ်။ ထိုအချက်များကြောင့်ပဲ ကျောက်ဖရုံသီးက နေ့စဉ်မှီဝဲစားသုံးသင့်တဲ့ အစားအစာများထဲမှ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

ဒါဆိုရင် ကျောက်ဖရုံသီးကို နေ့စဉ်မှန်မှန်မှီဝဲခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အမြင်အာရုံ ကောင်းမွန်စေခြင်း

မြောက်များစွာသော သုတေသနလေ့လာချက်များအရ အမြင်အာရုံချို့တဲ့ခြင်းက Riboflavin ခေါ် ဗီတာမင် B2 ဓာတ်များ ချို့တဲ့ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ကျောက်ဖရုံသီးမှာ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် B2 ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အမြင်အာရုံနဲ့ ပတ်သက်တဲ့ရောဂါများ ခံစားရခြင်းမှ လျော့ချပေးပါတယ်။

နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

Wintermelon

ပိုတက်စီယမ်နဲ့ ဗီတာမင် စီတို့ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ကျောက်ဖရုံသီးက နှလုံးကြွက်သားများ ကျန်းမာနေစေဖို့အတွင် ဒိုင်းလွှားသဖွယ် လုပ်ဆောင်ပေးပါတယ်။ ပိုတက်စီယမ်က သွေးပေါင်လျော့ကျခြင်းမှ ကာကွယ်ပေးပြီး သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်စေပြီး ဗီတာမင် စီကတော့ ရုတ်တရက် နှလုံးအမောဖောက်ခြင်းမှ ကာကွယ်ပေးပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

ကျောက်ဖရုံသီးမှာ ပါဝင်တဲ့ ဗီတာမင် စီက သွေးဖြူဥဆဲလ်များကို ထုတ်လုပ်ပေးပြီး ကိုယ်ခံစွမ်းအား တိုးမြှင့်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဇင့်ပမာဏကိုလည်း များပြားလာအောင် လှုံ့ဆော်ပေးပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

အစာချေစနစ် ကောင်းမွန်စေဖို့အတွက် အမျှင်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ကျောက်ဖရုံသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဝမ်းပိတ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့မှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကျောက်ဖရုံသီးက ခန္ဓာကိုယ်မှာ ရှိတဲ့ အဆိပ်အတောက်များ၊ အဆီများ၊ ပိုလျှံနေသော ဆားဓာတ်တို့ကို ဆီးကနေတဆင့် ဖယ်ရှားပေးပြီး ကျောက်ကပ်နဲ့ အသည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

Source: Organicfacts.net