လူတွေတော်တော်များများက မှားယွင်းပြီး ရေခဲသေတ္တာထဲက ရေခဲခဲတဲ့ အအေးခန်းထဲအစားအစာတွေကို ထည့်ထားတတ်ကြပါတယ်။

၁။ ကြက်ဥ

အစားအစာတွေက ရေခဲသေတ္တာထဲမှာထားတာကြာသွားရင် ကျုံ့သွားတတ်ပါတယ်။ ဒါပေမယ့် ကြက်ဥက တော့ ပြောင်းပြန်ပါဘဲ။ ကြက်ဥက အရမ်းအေးလာရင် ပေါက်ကွဲတတ်ပါတယ်။ ဒါ့ကြောင့် တခါတလေ ရေခဲသေတ္တာထဲမှာ ကွဲနေတဲ့ ကြက်ဥတွေ တွေ့ရှိမှာပါ။

၂။ ချိစ် (Cheese)

ချိစ် တွေကို အအေးခန်းထဲထည့်လိုက်ရင် သူတို့ရဲ့ ပုံစံတွေပျက်စီးသွားတတ်ပါတယ်။ ပုံစံတွေပျက်စီးတယ်ဆိုတာဟာ ဓားလေးနဲ့ ဇွန်းလေးနဲ့ အလွယ်တကူခပ်လို့မရဘဲ မာတောင့်တောင့်တွေဖြစ်သွားပါတယ်။ ပေါင်မုန့်အပေါ်ကို သုတ်စားတဲ့အခါမှာ အခက်အခဲဖြစ်ပါတယ်။

၃။ ဆန်

လူတိုင်းနီးပါးတော့ သိပြီးသားဖြစ်မှာပါ။ ဆန်ကိုလည်း အအေးခန်းထဲမထည့်ထားသင့်ပါဘူး။ ထည့်ထားရင် ဆန်ရဲ့ အရသာကို ထိခိုက်စေပါတယ်။

၄။ အာလူး

အာလူးတို့ကိုလည်း ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အရသာကို ထိခိုက်စေပါတယ်။

၅။ စည်သွပ်ဗူးများ

စည်သွပ်ဗူးတွေမှာ သူ့ဘာသာ ကြာရှည်ခံနိုင်တဲ့ ပစ္စည်းတွေပါပြီးသားဖြစ်တာကြောင့် အအေးခန်းထဲ၊ ရေခဲသေတ္တာထဲမှာထည့်ထားစရာမလိုပါဘူး။ အရသာ ပျက်တတ်ပါတယ်။ အကယ်၍ စားပြီးပိုနေတဲ့ စည်သွပ်ဗူးထဲက အစားအစာတွေကို ရေခဲသေတ္တာထည့်ချင်ရင် သပ်သပ် ဗူးတစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်တာ ပိုကောင်းပါတယ်။