မင်္ဂလာပါနော်။ ကိုယ်အလေးချိန်လျှော့ချဖို့ အစားအစာကို ဂရုတစိုက်စားနေသူတွေအနေနဲ့ အသီးအရွက်ကို မကြာခဏဆိုသလို စားလေ့ရှိပါတယ်။ ဒါပေမယ့် အဆီပါဝင်တဲ့ အစားအစာတွေကို ရှောင်လေ့ရှိကြပါတယ်။ ဒီလိုနည်းလမ်းက သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။

ကိုယ်အလေးချိန်လျှော့ချနေတယ်ဆိုပေမယ့် မရှောင်ကျဉ်သင့်တဲ့ အစားအစာ (၅) မျိုးကို မျှဝေပေးချင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ သင်ထင်ထားသလို ကယ်လိုရီအများကြီးမပါဝင်ပါဘူး။ ထောပတ်သီး ၁၀၀ ဂရမ်ကိုမှ ကယ်လိုရီ ၁၆၀ပဲပါဝင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဗီတာမင် E, K နဲ့ အဆီဓာတ်ပါဝင်လို့ မကောင်းတဲ့ကိုလက်စထရောကိုတောင် လျှော့ချပေးနိုင်ပြီး ကျန်းမာလှပစေမှာပါ။

ငှက်ပျောသီး

ငှက်ပျောသီးမှာလည်း ၁၀၀ ဂရမ်ကိုမှ ကယ်လိုရီ ၈၉ ပဲပါဝင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝအချိုဓာတ်ပါဝင်လို့ စားပေးသင့်တဲ့ အသီးပါ။

သစ်ချသီး

သစ်ချသီးတို့လို အခွံမာအသီးတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Omega 3 ပါဝင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။ ဒါ့အပြင် Antioxidant နဲ့ အမျှင်ဓာတ်တွေပါဝင်လို့လည်း ကိုယ်အလေးချိန်လျှော့ချနေသူအတွက် အထူးသင့်တော်တဲ့ သရေစာပါ။

ကုလားပဲ

ကုလားပဲဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သလို ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ကျစေဖို့ ကူညီပေးပါတယ်။

ကန်ဇွန်းဥ

အကိတ်ဖြစ်စေတဲ့အစားအစာဖြစ်ပြီး Diet လုပ်သူတွေကြားမှာ နာမည်ကြီးပါတယ်။ ဒါ့ကြောင့်လည်း မပါမဖြစ် စားဖြစ်အောင်စားပေးဖို့ ညွှန်းဆိုပေးချင်ပါတယ်။အာဟာရဓာတ်နဲ့ အမျှင်ဓာတ် လည်း မျှတစွာပါဝင်သလို ကိုယ်အလေးချိန်လည်း လျှော့ချပေးပါတယ်။