သီဟိုစေ့က တစ်စေ့စားလိုက်တာနဲ့ နောက်တစ်စေ့ထပ်စားချင်လောက် အရသာ အရမ်းရှိတဲ့ အစေ့လေးပါ။ အရသာရှိရုံတင်မကဘဲ သီဟိုစေ့မှာ နှလုံးကျန်းမာရေး၊ အာရုံကြောစနစ်၊ ကြွက်သား၊ သွေးနီဥ၊ အရိုးနဲ့ ခံတွင်းကျန်းမာရေးအတွက် အရမ်းကို ကောင်းပါတယ်။

ပရိုတင်းဓာတ်၊ ကော့ပါး၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ Phosphorus ၊ ပိုတက်ဆီယမ်နဲ့ ဇန့်ဓာတ်စတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ဆိုဒီယမ်ပါဝင်မှုအရမ်းနည်းတာကြောင့် သွေးတိုးရှိလည်း စားလို့ရပါတယ်။

ဗီတာမင် C ၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3 ၊ ဗီတာမင် B6 ၊ ဖောလစ်၊ ဗီတာမင် E နဲ့ ဗီတာမင် K  တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Monounsaturated Fat နဲ့ Polyunsaturated Fats တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် ကျန်းမာရေးကို ဆိုးကျိုးဖြစ်တဲ့ ကိုလက်စထရောဓတ်တွေလည်း မပါဝင်ပါဘူး။

နှလုံးရောဂါကို ကာကွယ်ပေး

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Dietary Fats တွေပါဝင်ပြီး ဒီအဆီဓာတ် က ဗီတာမင် A, D, E  နဲ့ ဗီတာမင် K  တို့ကို ပိုစုပ်ယူနိုင်အောင်ကူညီပေးပါတယ်။ ဒီဗီတာမင်ဓာတ်တွေက ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ သွေးခဲတဲ့အပိုင်းကို အဓိက ထောက်ပံ့ပေးပါတယ်။

အဲ့ဒီအပြင် Monounsaturated Fats (MUFA) နဲ့ Polyunsaturated Fats (PUFA) တို့ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။ ဆီးချိုဝေဒနာရှင်တွေလည်း ဆီးချိုပမာဏအပေါ်မူတည်ပြီး အနည်းငယ်လောက်တော့ စားလို့ရပါတယ်။

ကြွက်သားနဲ့ အာရုံကြောစနစ်ကို ထောက်ပံ့ပေး

မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်က အရိုး၊ ကြွက်သား၊ တစ်ရှူး နဲ့ ခန္ဓာကိုယ်ရဲ့ အင်္ဂါတွေအတွက်ကောင်းပါတယ်။ သွေးဖိအားကို ထိန်းချုပ်ပေးပြီး၊ ကိုယ်ခံအားနစ်ကို မြှင့်တင်ပေးကာ၊ အာရုံကြောစနစ် လုပ်ဆောင်ချက်တွေကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် အရိုးကိုလည်း သန်မာစေပါတယ်။

ဆီးချို ရောဂါဖြစ်နိုင်ချေကို လျော့ချပေး

သီဟိုစေ့မှာ သကြားဓတ်ပါဝင်မှုနည်းပြီး မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေလည်း မပါဝင်ပါဘူး။

ကင်ဆာရောဂါကို ကာကွယ်ပေး

သီဟိုစေ့မှာ Anacardic  အက်ဆစ်၊ Cardanols ၊ Cardols ဓာတ်တွေပါဝင်တာကြောင့် အကြိတ်တွေ၊ ကင်ဆာရောဂါတွေဖြစ်နေတဲ့ သူတွေအတွက် လည်းကောင်းပါတယ်။

ခံတွင်းနဲ့ အရိုးကျန်းမာရေး

သွားနဲ့ အရိုးကျန်းမာရေးအတွက်အဓိကကျတဲ့ Phosphours ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒီဓတာ်တွေက ပရိုတင်းဓာတ်တွေကို အစာခြေရာမှာ ကူညီပေးပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေကို စုပ်ယူပေးနိုင်ပါတယ်။

Featured Image Source: Kilo NZ