အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ငါးချိုချဉ်ကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါး အသားလွှာ ၉၀၀ ဂရမ်
  • ပြောင်းမှုန့် ၁၁၂ ဂရမ်နှင့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဂျင်း ၁ တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ရှာလကာရည် ၁၂၅ မီလီလီတာ
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ဟင်းသီးဟင်းရွက်ဆီ
  • ငရုတ်ပွ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်လုံး (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ လင်ဗန်းအကြီးတစ်ချပ်ပေါ်တွင် ငါးအသားလွှာများကို တင်ထားပြီး ပြောင်းမှုန့် ၁၁၂ ဂရမ်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ဖြူးထားလိုက်ပါ။ ထို့နောက် ငါးအသားလွှာကို ဓားဖြင့် မွှန်းပေးရပါမယ်။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျင်း၊ ကြက်သွန်ဖြူ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ သကြား၊ ရေနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ငါးအသားလွှာ တစ်လွှာချင်းစီ ထည့်ကြော်ပေးပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပြီးသွားပါက အခြားတစ်ဖက်သို့လှန်ပြီး နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

၄။ ကြော်ပြီးသွားတဲ့နောက်မှာတော့ အခြားလင်ဗန်းအသစ်တစ်ခုထဲ ပြောင်းထည့်ထားလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးအသစ်တစ်လုံးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ကြက်သွန်နီထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ကြက်သွန်ဖြူဆော့စ်ကို ဒယ်အိုးထဲသို့ လောင်းထည့်ပါ။ ဆူပွက်လာသည်အထိ တည်ထားရပါမယ်။

၆။ ပွက်ပွက်ဆူလာပြီး အရည်က ပျစ်သွားပြီဆိုရင်တော့ ငရုတ်ပွများထည့်ကာ မွှေပေးလိုက်ပါ။

၇။ ရရှိလာတဲ့ဆော့စ်ကို ငါးကြော်ပေါ် ဆမ်းပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ငါး ချိုချဉ်ကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com