သွေးတိုးတဲ့ လက္ခဏာရပ်များမှာ
- သွေးလည်ပတ်မှု အားနည်းခြင်း
- ခေါင်းကိုက်ခြင်း
- ကုတ်နဲ့ နားရွက်တွေမှာ ထူပူ ကိုက်ခဲခြင်း
- အသက်ရှူရ ခက်ခြင်း
- နှာခေါင်း သွေးလျှံခြင်း
- မူးဝေဝေ ဖြစ်ခြင်း
- ဆီးထဲမှာ သွေးပါခြင်း
- အမြင် ေ၀ဝါးခြင်း
- အာရုံတွေ ထုံထိုင်းနေခြင်း
အခုလို လက္ခဏာတွေ ခံစားရချိန်မှာ သွေးပေါင်ချိန်တိုင်းသင့်ပါတယ်။ သွေးပေါင်ချိန်တိုင်းလို့ သွေးတိုးနေရင် ဆရာဝန်နဲ့ ပြသ ဆွေးနွေးပါ။
ပိုတက်ဆီယမ်နဲ့ Omega-3 ပါဝင်မှုများတဲ့ အစားအစာတွေ စားပေးပါ။
သွေးတိုးတာ ကို သဘာဝနည်းအတိုင်း သက်သာစေဖို့
- လေ့ကျင့်ခန်း လုပ်ပါ
- ကျန်းမာရေးတဲ့ နေထိုင်စားသောက်ပုံစနစ်ကို ပြုပြင်ပါ
- ဆိုဒီယမ် (Sodium) ပမာဏကို လျော့ချပါ။
- အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများကို စားသုံးပါ။
- သန့်ရှင်း လတ်ဆတ်တဲ့ အစားအစာနဲ့ဟင်းသီးဟင်းရွက် စားသုံးပါ။
- ကြက်သား၊ အခွံမာအသီး၊ ငါး နဲ့ကောက်ပဲ သီးနှံတွေ စားသုံးပါ။
- အဆီဓာတ်နဲ့ ကိုလက်စထရောဓာတ်ပါဝင်မှု များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။