တစ်နေ့ကို ကိုယ်ခန္ဓာအတွက် လိုအပ်မယ့် ရေဓာတ်ပမာဏ လုံလောက်ရဲ့လားဆိုတဲ့ သံသယရှိနေပါလား။ လူတိုင်းတစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ခွက်သောက်ခြင်းဟာ ရေဓာတ်ကို လုံလောက်စွာ ဖြည့်တင်းပေးနိုင်ပါတယ်။ ရေဓာတ်လုံလောက်စွာရစေဖို့ သောက်ရမယ့်အရာတွေကတော့
ရေ
ရိုးရိုးရေဟာ အရသာ မရှိပေမယ့် အကောင်းဆုံး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အရည်တစ်မျိုးပါ။ ရေခဲရေတော့ မသောက်ပါနဲ့။ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိတာကြောင့် ရိုးရိုးရေပဲ ကောင်းပါတယ်။
ပေါင်းစပ်ပြီး ပြုလုပ်တဲ့ ရေ
ရေသပ်သပ် သောက်တဲ့ အခါ ငြီးငွေ့သွားတတ်တာမို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် အသီးအနှံတွေကို ထည့်ပြီး သောက်လို့ ရပါတယ်။ ပူပြင်းတဲ့ ရာသီဥတု မှာဆို ရေအေးစေပြီး ကယ်လိုရီလည်း မတက်စေပါဘူး။
Iced Tea
ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် လက်ဖက်ခြောက်တွေကို သောက်လို့ ရပါတယ်။ စံပယ်၊ နှင်းဆီ၊ ဂျင်း၊ ပင်စိမ်း အစရှိတဲ့ လက်ဖက်ခြောက်တွေကို အအေးခံပြီး သောက်ရင် ကျန်းမာ ရေးနဲ့ ညီညွှတ်စေပြီး ရေဓာတ်ပြည့်စေပါတယ်။
အသီးဖျေ်ာရည်
လတ်ဆတ်တဲ့ အသီးတွေကို ကြိတ်ပြီး ဖျော်ရည်အဖြစ် သောက်တဲ့အခါမှာလည်း အရသာ ရှိပြီး ရေဓာတ်ပြည့်စေပါတယ်။ အသီးဖျော်ရည် ဖျော်တဲ့အခါ ဖြစ်နိုင်ရင် ရေနဲ့ အသီးကိုပဲ ရောဖျော်ပြီး သောက်ပေးပါ။ သကြားကို အတတ်နိုင်ဆုံး မသုံးပါနဲ့။
သခွားသီးအရည်
ရေမှာ သခွားသီးစိမ်ပြီး သောက်ပေးခြင်းဟာ ရေဓာတ်ကို ပြည့်စေသလို ကိုယ်တွင်း အဆိပ်ကိုလည်း ပြေစေပါတယ်။
Ref: zeenews