ကမ္ဘာတစ်ဝှမ်းမှာ အခါးရည် သို့ ရေနွေးကြမ်းတွေ ကျယ်ကျယ်ပြန့်ပြန့်သောက်လေ့ရှိပါတယ်။ ပုံစံအမျိုးအစားတော့ မတူပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီးရှိကြပါတယ်။

ရေနွေးကြမ်းတွေက ကိုယ်အလေးချိန်ကို လျော့ချပေးပြီး ဝမ်းဗိုက်အဆီကို ချပေးကာ နှလုံးသွေးကြောကျဉ်းရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

Green Tea

Green Tea ကတော့ ကမ္ဘာပေါ်မှာ လူကြိုက်များပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းများပါတယ်။

ကိုယ်အလေးချိန် ကျဆင်းဖို့အတွက်ဆိုရင် အကျိုးအရှိဆုံး ရေနွေးကြမ်းဖြစ်ပါတယ်။ Green Tea ထဲမှာ သဘာဝ Antioxidants တစ်မျိုးဖြစ်တဲ့ Catechins ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အဆီလောင်ကျွမ်းအား အထူးသဖြင့် ဝမ်းဗိုက်အဆီ လောင်ကျွမ်းအားကို တိုးမြင့်ပေးပါတယ်။

မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို ကျဆင်းစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

ရေနွေးကြမ်း

မြန်မာနိုင်ငံမှာသောက်လေ့ရှိတဲ့ ရေနွေးကြမ်းအမျိုးအစားဖြစ်ပြီး အင်္ဂလိပ်လိုတော့ Black Tea လို့ခေါ်တွင်ကြပါတယ်။ ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

ရေနွေးကြမ်းမှာ Antioxidants ဓာတ်တွေဖြစ်တဲ့ Flavonoids ဓာတ် ကြွယ်ဝစွာပါဝင်ပြီး ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူပြုပါတယ်။

အဲ့ဒီအပြင် တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက်လောက်သောက်ရင် Type II ဆီးချို ဖြစ်ပွားနိုင်ချေ ကို ၄၂ ရာခိုင်နှုန်းလျော့ချပေးပါတယ်။

သစ်ကြမ်းပိုးခေါက် ရေနွေးကြမ်း

သစ်ကြမ်းပိုးခေါက်မှာ ကယ်လိုရီပါဝင်မှုအရမ်းနည်းပြီး သွေးအတွင်းအချိုဓာတ်အဆင့်ကို ထိန်းချုပ်ပေးနိုင်ကာ ကိုယ်အလေးချိန် မြှင့်တက်မှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

သစ်ကြမ်းပိုးခေါက် ရေနွေးကြမ်းကို ပုံမှန်တစ်နေ့ တစ်ခွက်သောက်သုံးပေးရင် အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းဗိုက်ပတ်လည်က အဆီလောင်ကျွမ်းအားကို အားကောင်းစေပါတယ်။

Photo Credit: Bright side