ထိုင်းရဲ့ လမ်းဘေး အစားအစာတွေ ကြိုက်နှစ်သက်သူဆိုရင် ဝက်သား ပင်စိမ်းကြော်လေးလည်း ကြိုက်ကြမှာပါ။

ပါဝင်ပစ္စည်းများ

ဝက်သား ၂၀ သား

ကြက်သွန်ဖြူ ၄ မွှာမှ ၅ မွှာ

ငရုတ်သီး အနီရောင် ၂ ခု (တောက်တောက်စဉ်းထားပါ)

ကြက်သား ပြုတ်ရည် ခွက် ၁ ခွက်ရဲ့ ၄ ပုံ ၁ ပုံ

ပင်စိမ်း ခွက် ၁ ခွက်ရဲ့တစ်ဝက်

ကြက်သွန်မြိတ် ၄ ပင်မှ ၅ ပင်

ဆီ

ငရုတ်သီး အနီတောင့် ၁ တောင့် (အလှဆင်ဖို့)

ဆော့စ်လုပ်ရန်

ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ထိုင်းပဲငံပြာရည် (Golden Mountain Sauce) စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၃ ဇွန်း

ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုရာ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ထိုင်းစတိုင်လ် ဝက်သား ပင်စိမ်းကြော်

ဆော့လုပ်ဖို့ ပါဝင်ပစ္စည်းများကို ခွက်တစ်ခွက်ထဲမှာ ရောပါ။ သကြားကို ပျော်အောင် နယ်ထားပါ။

မီးဖိုနားထားပေးပါ။

ဒယ်အိုးကို မီးအလယ်အလတ်ပေးထားပြီး ဆီအနည်းငယ်ထည့်ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးထည့်ပြီး စက္ကန့် ၃၀ လောက်မှ ၁ မိနစ်လောက်အထိ ကြော်ပါ။

အသားကိုထည့်ပါ။ အသားကျက်ခါနီးမှာ ကြက်စွပ်ပြုတ် တစ်ဝက်ကို ထည့်ပါ။

ကြော်နေတဲ့ ပစ္စည်းများကို ဒယ်အိုးဘေးနားကို ကပ်ထားပြီး အလယ်မှာ ကြက်ဥကို ဖောက်ထည့်ပါ။ ကြက်ဥနဲ့ ဒယ်အိုးထဲမှာ ရှိတာတွေနဲ့ ရောပြီး ကြော်ပါ။

ကြော်ဖို့လုပ်ထားတဲ့ ဆောစ်ကို ထည့်ပါ။ မီးကို အလယ်အလတ်ထားပြီး ၂ မိနစ်မှ ၃ မိနစ်ကြား ဆူအောင် လုပ်ပါ။

ကျန်ရှိနေတဲ့ ကြက်စွပ်ပြုတ် ကို ထည့်ပါ။ ကြက်သွန်မြိတ် နှင့် ပင်စိမ်းကို ထည့်ပါ။ သေချာ မွှေပါ။

အပူချိန်ကိုလျော့ပြီး အရသာကို မြည်းကြည့်ပါ။ ငန်နေတယ်လို့ထင်ရင် သံပုရာသီး ၁စက်၊ ၂စက်ကို ညှစ်ထည့်ပေးပါ။ အငန်လိုနေရင် ငါးငံပြာရည် အနည်းငယ် ထည့်ပေးပါ။

ငရုတ်သီး အနီတောင့်လေးကို လှီးပြီး အလှဆင်ပါ။

Photos Credit: thespruceEats