ဒီတခါတော့ လေ့ကျင့်ခန်း Gym ဆော့နေတဲ့သူတွေ၊ အစာလျော့စားနေတဲ့သူတွေအတွက် အကောင်းဆုံး ဖြစ်မယ်လို့ထင်ပါတယ်။

အားကစားဆော့တဲ့သူအတွက် ပရိုတင်း ဓာတ်လည်း ကြွယ်ဖို့ လိုအပ်သလို အသားဓာတ်ကလည်း မရှိမဖြစ်လိုအပ်တယ်။

ဒီပရိုတင်းတွေ ကို ဘယ်ကနေရလဲ ဆိုရင်တော့ ကြက်သားရဲ့ ရင်အုပ်သားကနေ ရပါတယ်။ အရေခွံကိုတော့ အသုံးမပြုပါဘူး။ များသောအားဖြင့် မွေးမြူရေး ကြက်ပဲ စားကြပါတယ်။ အသားများလို့ပါ။

အားကစားလုပ်တဲ့ အချိန်ဆိုရင်တော့ ညစာကို ထမင်း လုံးဝ မစားတော့ဘူး။ ဘာစားရရင်ကောင်းလဲ။ အပြင်ထွက်စားမယ်ဆိုရင်လည်း ကိုယ့်အတွက် ငွေတွေက ပိုကုန်သလို ဈေးကလည်း ကြီးမယ်။

ဒါကြောင့် စာရိတ်သက်သာတဲ့ ကိုယ်တိုင်လုပ် ကြက်သားသုပ်လေး လုပ်စားကြရအောင်။ ထိုင်းစတိုင် သုပ်ပေမယ့် ထိုင်းတောင်ပိုင်းက အီစံ ပုံစံ သုပ်ထားတဲ့ ကြက်သားသုပ်ပါ။

ပါဝင်တဲ့ ပစ္စည်းတွေကတော့

၁။ ကြက်ရင်အုပ်သား

၂။ ဆန်မှုန့်

၃။ ပဲငံပြာရည်

၎။ ကြက်သွန်မြိတ်

၅။ ကြက်သွန်နီ

၆။ ဖက်ဖယ်ရွက်

၇။ ငရုပ်ခြောက်မှုန့်

၈။ ငရုပ်သီးစိမ်

၉ ။ ရှမ်းနံနံ

၁၀။ သံပရာသီး

၁၁။ ပူစီနံ

၁၂။ နံနံပင်

၁၃။ သကြား

၁၄။ ငံပြာရည်

ပြုလုပ်နည်းကတော့

၁။ ကြက်ရင်အုပ်သားကို ပဲငံပြာရည် အကြည်လေးနဲ့ ခဏ နှပ်ထားလိုက်ပါ။

၂။ နှပ်ထားတဲ့ ကြက်သားကို ရေအနည်းငယ်၊ ဆီအနည်းငယ်နဲ့ပြုတ်ထားလိုက်ပါ။ အိုးနည်းနည်းကပ်တဲ့ထိ ပြုတ်လိုက်ပါ။

၃။ ကြက်သားကို ဆယ်ယူပြီး အအေးခံထားလိုက်ပါ။

အချဉ်ရေကိုတော့

ငရုသီးသီးစိမ်းကို သေးသေးလေး လှီးဖြတ်ပါ။ ကြက်သွန်နီကိုလည်း မထူ၊ မပါး လှီးပါ။ ကြက်သွန်မြိတ်၊ ရှမ်းနံနံ၊ နံနံပင်၊  ဖတ်ဖယ်ရွက်တွေကို လည်း အနည်းတော် လှီးဖြတ်ထားပြီး  ဇလုံထဲထည့်လိုက်ပါ။

ငရုပ်သီးခြောက်လှော်မှုန့် အနည်းငယ်ထည့်ပါ။ သကြားအနည်းငယ်ထည့်လိုက်ပါ။ လှော်ထားတဲ့ ဆန်မှုန့်ကိုလည်း အနည်းငယ်ထည့်လိုက်ပါ။ နောက်ဆုံး သံပရာသီး ညှစ်ထည့်လိုက်ပါ။ ငံပြာရည်ပါထည့်ပြီး မွှေလိုက်ပါ။

အချို၊ အချဉ်၊ အငန် အနေတော်ဖြစ်ပြီဆိုပါက

အအေးခံတဲ့ ကြက်သားကို အနည်းတော် အတုံးတုံးလိုက်ပြီး ခဏက အချဉ်ရည်တွေကို လောင်းထည့်ကာ မွှေလိုက်ပါ။

နှံ့နေအောင်မွှေလိုက်ပါ။ နောက်ဆုံး အနေနဲ့ပူစီနံကို အရွက်ချွေပြီး ထည့်လိုက်ပါက အရသာ ရှိတဲ့ အီစံ ကြက်သားသုပ်ကို ရရှိပါမယ်။