ဟင်းချက်သည့်ပုံစံနှင့်ဖြစ်စေ၊ ဖျော်ရည်အနေနှင့်ဖြစ်စေ၊ အချိုပွဲအနေနှင့်ဖြစ်စေ၊ အသုပ်များတွင်ဖြစ်စေ ခရမ်းချဉ်သီးကို အမျိုးမျိုးထည့်သွင်းအသုံးပြုကြပါတယ်။ ခရမ်းချဉ်သီးကိုစားသုံးပေးခြင်းက ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက အသားအရေကိုပါ ကောင်းကျိုးများပေးစွမ်းနိုင်ပါတယ်။

ထိုကဲ့သို့ ခရမ်းချဉ်သီးက ပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးများထဲကမှ အရေးကြီးဆုံး အချက်လေးချက်ကို ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။

၁။ နှလုံးသွေးကြော

သွေးပေါင်ချိန်ကို ပုံမှန်အလုပ်လုပ်စေတဲ့ ပိုတက်ဆီယမ်ကဲ့သို့ သတ္တိဓာတ်ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေကာ သွေးပေါင်ချိန်အတက်အကျဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၂။ ဖိုက်ဘာ

ဖိုက်ဘာပါဝင်မှုအလွန်မြင့်မားတာကြောင့် နှလုံးရောဂါနှင့် ကင်ဆာတို့ကို ဖြစ်ပေါ်စေနိုင်သော ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ၊ ရေဒီယိုလှိုင်းများကို ဖယ်ရှားပေးပါတယ်။

၃။ ဗီတာမင်စီနှင့်ကေ

ရောဂါကူးစက်မှုများကို ခုခံနိုင်ပြီး collagen အလုပ်လုပ်မှုကိုမြှင့်တင်ပေးကာ အရွယ်အိုမင်းခြင်းလက္ခဏများဖြစ်ေပေါ်မှုကိုလည်း ဟန့်တားပေးပါတယ်။ သည့်အပြင် ဗီတာမင်ကေသည်လည်း အနာများကိုကျက်စေပြီး သွေးများကုန်ခန်းခြင်းမှ ကာကွယ်ပေးပါတယ်။

၄။ ကင်ဆာကာကွယ်ပေးခြင်း

အမျိုးမျိုးသောဓာတ်သတ္တိများပါဝင်တာကြောင့် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ပန်ကရိယကင်ဆာဆဲလ်များဖြစ်ပွားမှုမှ တားဆီးပေးပါတယ်။ အချို့သူများသည် ခရမ်းချဉ်သီးစားသည့်အခါ အခွံခွာစားတတ်ကြပါတယ်။ ခရမ်းချဉ်သီးအခွံတွင်လည်း အသားနည်းတူ အကျိုးကျေးဇူးများအလွန်ပါဝင်တာကြောင့် အခွံမခွာပဲ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။