ရင်သားကင်ဆာရောဂါဆိုတာ ကမ္ဘာပေါ်ရှိ ကင်ဆာရောဂါများအနက် အဖြစ်အများဆုံးကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသမီး ၈ ဦးတွင် တစ်ဦးအထိ ခံစားရလေ့ရှိကြတဲ့အပြင် အမျိုးသားများပါ ရင်သားကင်ဆာ ခံစားရနိုင်ချေရှိတာကိုလည်း အံ့အားသင့်စရာ တွေ့ရှိရပါတယ်။

“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်မှုရှိသည်” ဆိုတဲ့စကားလေးအတိုင်းပဲ ရင်သားကင်ဆာရောဂါ မဖြစ်ပွားခင်ကတည်းက ကြိုတင်ကာကွယ်သင့်ပါတယ်။ ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းများ အများအပြားရှိတဲ့အနက် အစားအသောက်ဖြင့် ကာကွယ်ခြင်းကလည်း ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ဒါဆိုရင် ရင်သားကင်ဆာရောဂါမဖြစ်ပွားဖို့အတွက် ဘယ်လိုအစားအစာများကို စားသုံးသင့်သလဲ။

ကိုက်လန်

ကိုက်လန်မှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်တဲ့ အမျှင်ဓာတ်နှင့် Carotenoids ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

ကြက်သွန်ဖြူ

ကျန်းမာတဲ့ ရင်သားတစ်သျှူးဆဲလ်များကို ထုတ်လုပ်ပေးရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီနှင့် Antioxidants များနဲ့ ပြည့်နှက်နေသော သဘာဝဆေးဖက်ဝင်အစားအစာကတော့ ကြက်သွန်ဖြူပဲဖြစ်ပါတယ်။

ပဲနီလေးနှင့် ပဲအမျိုးမျိုး

ပဲအမျိုးမျိုးဖြင့် အမျှင်ဓာတ်များ မြင့်မားစွာပါဝင်ပြီး အမျှင်ဓာတ်များပြားတဲ့ အစားအစာများကို နေ့စဉ်မှန်မှန်စားသုံးခြင်းက ရောဂါအစပျိုးခြင်းမှ ကာကွယ်ပေးပြီး ရောဂါထပ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

သုတေသနလေ့လာချက်များအရ တစ်နေ့ကို အမျှင်ဓာတ် ၁၀ ဂရမ်ခန့် စားသုံးပေးခြင်းက ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို ၅ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်ဆိုတာကို သိရှိရပါတယ်။

သဘာဝအဆီဓာတ် ကြွယ်ဝသော ငါးများ

အိုမီဂါသရီးနဲ့ Selenium ဓာတ်တို့ မြင့်မားစွာပါဝင်တဲ့ မက်ကရယ်ငါး၊ ဆော်လမွန်ငါး၊ တူနာငါး၊ ငါးသေတ္တာ စတဲ့ငါးများကို စားသုံးခြင်းကလည်း ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ဘလူးဘယ်ရီသီးနှင့် ဘလက်ဘယ်ရီသီးများ

ဘယ်ရီသီးများအားလုံးသည်လည်း ဗီတာမင်စီ၊ မဂ္ဂနိစ်နှင့် Flavonoids ဓာတ်များနဲ့ ပြည့်နှက်နေတဲ့အတွက်ကြောင့် ရင်သားကင်ဆာဖြစ်ပွားစေတဲ့ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ထပ်မဖြစ်လာအောင်လည်း ကူညီပေးပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီသည်လည်းပဲ ဗီတာမင်စီနဲ့ Antioxidants တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

အချဉ်ဓာတ်ကြွယ်ဝစွာပါဝင်သော သစ်သီးများ

သံပုယိုသီး၊ သံပုရာသီး စတဲ့ ရှောက်သီးမျိုးနွယ်ဝင်အသီးများ၊ လိမ္မော်သီး၊ Grapefruit သီးတို့မှာလည်း Antibiotics ၊ ဗီတာမင်စီနှင့် ဖောလိတ်တို့ပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပါတယ်။

ထိုကဲ့သို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကို စားသုံးပေးခြင်းအားဖြင့် သင့်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ပြီး ရင်သားကင်ဆာဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါတယ်။

Source: Cosmopolitan.com