လူတိုင်းစားနေကျ အစားသောက်တွေအများကြီးထဲကမှ နှလုံးအားကောင်းစေတဲ့ အစားအသောက် (၉) မျိုးကို မျှဝေပေးလိုက်ပါတယ်။ အများကြီးထဲကမှ တစ်မျိုးမဟုတ်တစ်မျိုးကို ပုံမှန်လေးစားပေးသွားမယ်ဆိုရင် နှလုံးအားကောင်းပြီး ကျန်းမာလာမှာပါ။

အခွံမာသီးအမျိုးမျိုးက နှလုံးအားကောင်းစေဖို့ အထောက်အကူပြုပါတယ်။

ငါးတွေထဲမှာမှ ဆောလမွန်ငါးက Omega 3 ကြွယ်ဝစွာပါဝင်လို့ နှလုံးအားကောင်းစေပါတယ်။

အုတ်ဂျုံတို့၊ ဆန်လုံးညိုတို့က နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။

ထောပတ်သီးက နှလုံးအားကောင်းစေတဲ့ သစ်သီးတစ်မျိုးပါ။

ပဲတွေထဲမှာမှ ပဲစေ့နက်က နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

Green Tea ကို သောက်ပေးခြင်းကလည်း နှလုံးကျန်းမာစေပါတယ်။ ဒါပေမယ့် နွားနို့နဲ့တော့ ရောမသောက်မိပါစေနဲ့။ အာနိသင်ပြယ်သွားပါလိမ့်မယ်။

ဖရဲသီးကို တစ်နေ့ တစ်စိတ်စားပေးတာပဲဖြစ်ဖြစ်၊ ဖရဲသီး ဖျော်ရည်ကို တစ်နေ့ တစ်ခွက်သောက်ပေးတာပဲဖြစ်ဖြစ် နေ့စဉ်စားသုံးသွားရင် အစာခြေစနစ်ကောင်းမွန်ပြီး နှလုံးအားကောင်းစေပါတယ်။

ဟင်းနုနွယ်ကလည်း နှလုံးအားကောင်းစေပါတယ်။

ဝိုင်နီကို ဝိုင်သောက်တဲ့ခွက်လေးနဲ့ တစ်နေ့ တစ်ခွက် သောက်ပေးခြင်းကလည်း နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

Photo Source: www.bestlifeonline.com