သင် မီးဖိုချောင်မှာ နေ့စဉ်အသုံးပြုနေတဲ့အရာတွေက သင့်အတွက် အန္တရာယ်ရှိတယ်ဆိုတာကို သိပါသလား။

အခုဖော်ပြမယ့် ပစ္စည်းလေးတွေက နေ့စဉ်မြင်တွေ့နေရတဲ့ သာမန်ပစ္စည်းလေးတွေဖြစ်ပြီး အန္တရာယ် မရှိသယောင် ထင်ရပေမယ့် တကယ်တမ်း စဉ်းစားကြည့်တဲ့အခါ အန္တရာယ်ရှိတဲ့ ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။။

ပလပ်စတစ်ဘူး

ပလပ်စတစ်ဘူးများ ထုတ်လုပ်တဲ့အခါ ဓာတုပစ္စည်းများ အသုံးပြုထားတာဖြစ်ပြီး ထိုပစ္စည်းများနဲ့ အစားအစာ သိမ်းဆည်းထားတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ပန်းကန်ဆေး ဘေစင်

ဘေစင်ထဲမှာ (သို့) ဘေစင်ပိုက်လမ်းကြောင်းမှာ အစာ အကြွင်းအကျန်များ စုပုံလာတဲ့အခါ ဘက်တီးရီးယားများ ပေါက်ဖွားလာတတ်ပါတယ်။ ဒါ့ကြောင့် ပန်းကန်ဆေးဘေစင်ကို အမြဲသန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။

ဓား

အစားအစာ လှီးဖြတ်တဲ့အခါ ချွန်ထက်နေတဲ့ ဓားကိုပဲ အသုံးပြုသင့်ပါတယ်။ ဓားသွားတုံးတဲ့အခါ အစားအစာ လှီးဖြတ်တဲ့အခါ ချော်ထွက်သွားပြီး သင့်လက်ချောင်းများနဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

ပန်းကန်ဆေးရေမြှုပ်

ပန်းကန်ဆေးရေမြှုပ်သည်လည်းပဲ ဘက်တီးရီးယားပေါက်ဖွားမှုနှုန်း မြန်ဆန်သော နေရာပဲဖြစ်ပါတယ်။ ထိုဘက်တီးရီးယားများကို ရှင်းထုပ်ဖို့ဆိုရင်တော့ ဆပ်ပြာရည်ထဲ ၂ မိနစ်ခန့် စိမ်ထားတာပဲဖြစ်ဖြစ် မိုက်ခရိုက်ဝေ့ဖ်ထဲ အပူပေးထာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

လက်သုတ်

လက်နှီး (သို့) လက်သုတ်ကလည်း ညစ်ပတ်သောအရာပါပဲ။ သင် ဟင်းချက်တဲ့အချိန်မှာ ထိုလက်သုတ်ကို တစ်ချိန်လုံးကိုင်နေမှာဖြစ်ပြီး ဘက်တီးရီးယားများက ထိုမှတဆင့် သင့်အစားအသောက်တွေထဲ ဝင်ရောက်သွားနိုင်ပါတယ်။

ဂတ်စ်မီးဖို

အိမ်က ထွက်ခါနီးတိုင်း (သို့) ညအိပ်ရာဝင်ခါနီးတိုင်းမှာ သင့် ဂတ်စ်မီးဖိုကို သေချာပိတ်ရဲ့လားဆိုတာ စစ်ဆေးပါ။ မဟုတ်ရင်တော့ သင့်အသက်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အိုးမတူးသော ဒယ်အိုးများ

အိုးမတူးစေသော ဒယ်အိုးများကို Teflon ဖြင့် ပြုလုပ်ထားတာဖြစ်ပြီး သတ်မှတ်အပူချိန်ထက် ကျော်လွန်စွာအပူပေးပါက အဆိပ်အတောက်ဖြစ်စေသော မီးခိုးငွေ့များကို ထုတ်လုပ်စေပါတယ်။

အသားကြိတ်စက်

အသားကြိတ်စက် အသုံးပြုမယ်ဆိုရင် သင့်ရဲ့လက်ချောင်းများကို သေချာဂရုစိုက်ဖို့ လိုပါမယ်။ အသားကြိတ်စက်က အင်မတန်အားပြင်းတဲ့အတွက်ကြောင့် သင့်လက်ချောင်းလေးတွေကိုတောင် ထိခိုက်စေနိုင်ပါတယ်။

စဉ်းနီတုံး

အသားလှီးဖို့ စဉ်းနီတုံးနဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ လှီးဖြတ်ဖို့ စဉ်းနီတုံးကို အမြဲတမ်း သီးသီးသန့်သန့် ခွဲထားရပါမယ်။ အသားစိမ်း၊ ငါးစိမ်းမှာပါဝင်တဲ့ ဘက်တီးရီးယားများက သင့်ကို နေမကောင်းဖြစ်စေပါတယ်။ ဒါ့အပြင် ကျိုးပဲ့နေတဲ့ စဉ်းနီတုံးများကို ထပ်မံအသုံးမပြုပါနဲ့တော့။ ဘာ့ကြောင့်လဲဆိုတော့ ကျိုးပဲ့နေတဲ့နေရာတွေမှာ ဘက်တီးရီးယား ပေါက်ဖွားမှုကို အားပေးရာရောက်လို့ပါပဲ။

Source: Brightside.me