ရေနွေးကြမ်းသောက်ခြင်းအားဖြင့် လန်းဆန်းတက်ကြွလာပြီး စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများကိုလည်း ပြေပျောက်စေနိုင်ပါသည်။ အရွယ်ရောက်သူတိုင်း တစ်နေ့ကို ရေနွေးကြမ်း သုံးလေးခွက်ကို နေ့စဉ် သောက်သင့်ပါသည်။ တစ်နေ့ကို ရေနွေးကြမ်း သုံးလေးခွက် ပုံမှန်သောက်မယ်ဆိုရင် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ –

၁။ အသက်ရှည် နုပျိုခြင်း

၂။ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

၃။ အဆီများချပေးခြင်း

၄။ နှလုံး နှင့် သွေးကြော ရောဂါများမှ ကာကွယ်ပေးခြင်း

၅။ သွားနှင့် သွားဖုံးကျန်းမာရေးကို အထောက်အကူ ပြုခြင်း

၆။ ဆီးချို သွေးချို ရောဂါကို သက်သာ စေခြင်း

၇။ အရောင်ကျစေခြင်း

၈။ အသည်းလုပ်ငန်း ဆောင်တာ မှန်ကန် ကောင်းမွန်စေခြင်း

၉။ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ် ပေးခြင်းတို့ ပဲ ဖြစ်ပါတယ်။

ထမင်းစား နေစဉ် သို့ ထမင်းစားအပြီး၊ အစားအသောက်များ စားအပြီးတိုင်းတွင် ရေအေးအစား ရေနွေးကြမ်းကို သောက်သုံးခြင်းဖြင့် ကျန်းမာရေး နှင့် ညီညွတ်စေပါသည်။

Credit: ဒေါက်တာ ခင်မောင်လွင် ( FAME )