- ဟဲ့။ ငှက်ပျောသီး စားပြီးအခွံကိုမပစ်ပဲ ဘာလုပ်နေတာလဲ။
- ဩ။ဘာမှမဟုတ်ဘူး မေမေရယ်။လိမ်းမလို့ပါ။
- ဘာ။ အဲ့ဒီ့ငှက်ပျောသီးအခွံကို လိမ်းမယ်။
- ဟုတ်တယ်လေ။ မေမေ မသိဘူးလား ငှက်ပျောခွံရဲ့အစွမ်း။
- ပောစမ်းပါဦး။ ညည်းငှက်ပျောခွံရဲ့အစွမ်း။
- ငှက်ပျောသီးမှာ ဗီတာမင် B6 နဲ့ B12 လိုအရေးပါတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝသလိုမျိုး ငှက်ပျောခွံမှာလည်း အသားအရေကို အာဟာရဖြစ်စေမယ့် အာနိသင်တွေပါဝင်တယ်လေ။ဝက်ခြံ၊ အရေပြားယောင်ယမ်းတာ အနီစက်ဖြစ်တာ အမာရွတ်ဖြစ်တာတို့ဆို ငှက်ပျောခွံနဲ့ပွတ်ပေးရင် ပျောက်တယ်တဲ့။သမီးလက်မောင်း ခုံစောင်းနဲ့တိုက်မိပြီး ပွန်းပဲ့နာဖြစ်ရာကနေ အမာရွတ်ကျန်နေလို့စိတ်ညစ်နေတာ။ အခုပဲ Google ကဖတ်ရလို့။
- ဒါနဲ့ အဲ့ဒါကြီးကို ဘယ်လိုလိမ်းမလို့လဲ။
- ငှက်ပျောခွံကိုကြိတ်ပြီး အနှစ်ရအောင်လုပ်မယ်။ ပြီးရင် ကိုယ်လိမ်းမယ့်အနှစ်ပမာဏအတိုင်း သံပရာရည် ညစ်ထည့်မယ်။ရောမယ်။ ဂွမ်းလေးနဲ့စွတ်ပြီး အမာရွတ်ဖြစ်တဲ့နေရာမှာ လိမ်းရုံးပဲ။ ၁၅မိနစ်လောက်ထားပြီးရင်တော့ ရေနွေးနဲ့ဆေးချပြီး အဝတ်ကလေးနဲ့ခြောက်အောင်သုတ်လိုကရင်ပြီးပြီ။နေ့တိုင်းပုံမှန်လုပ်ပေးရင်တော့ သက်သာသွားမှာတဲ့ နောက်တစ်နည်းကတော့ ငှက်ပျောခွံလေးနဲ့ အမာရွတ်ဖြစ်တဲ့နေရာလေးကို ပွတ်ပေးပြီး ၁၅မိနစ်ကြာရင် ရေနွေးနဲ့ဆေးချလိုက်ရုံပဲ။
- ဟယ်။ဒါဆို မေမေ့တွက်လည်း နည်းနည်းလုပ်ပေး။ ပါးမှာအနီဖုတွေထနေလို့။
- ဟဲဟဲ။ဟုတ်ပါပြီ။