ခရမ်းချဉ်သီး ဖျော်ရည်ကတော့ မြန်မာတွေ သောက်လေ့သောက်ထရှိတဲ့ ဖျော်ရည်မျိုးတော့မဟုတ်ပါဘူး။

ဒါပေမယ့် အာဟာရတွေ ကြွယ်ဝစွာပါဝင်တာကြောင့် မနက်စာ စားချိန်မှာ သောက်ပေးသင့်ပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားနိုင်

ခရမ်းချဉ်သီးတွေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပါတယ်။

ကယ်လိုရီပါဝင်မှုလည်း နည်းပါးပြီး ဇီဝကမ္မဖြစ်စဉ်ကိုလည်း အားကောင်းစေတာကြောင့် ပိုလျှံနေတဲ့ အဆီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။

ဒါပေမယ့် မနက်စာကို ခရမ်းချဉ်သီး ဖျော်ရည်တစ်ခွက်တည်းမသောက်သင့်ဘဲ ပရိုတင်းဓာတ်ပါဝင်တဲ့ တခြား အစားအစာတွေ စားပေးသင့်ပါတယ်။

ဝမ်းချုပ်တာကို ကာကွယ်ပေး

ဝမ်းချုပ်တာက ရောဂါသေးသေး မွှားမွှားလေးဆိုပေမယ့် ကြာလာရင်တော့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ ဖြစ်စေပါတယ်။ ဝမ်းချုပ်နေရင် မနက်ခင်းမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီး ဖျော်ရည်ကို သောက်ပါ။

ခရမ်းချဉ်သီး ဖျော်ရည်က အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေး

နှလုံးကျန်းမာရေးအတွက် ပြုလုပ်ပေးသင့်တဲ့ စားသောက်မှု ပုံစံများ

ခရမ်းချဉ်သီးက နှလုံးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ သတ္တုဓာတ်တွေက သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုအားကောင်းစေပါတယ်။

ကိုယ်ခံအားစနစ်ကို အားကောင်းစေ

မနက်ခင်းမှာ ခရမ်းချဉ်သီး ဖျော်ရည်သောက်ရင် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင် စီ၊ အေ၊ ဘီ၊ ဒီ၊ K နဲ့ Antioxidant၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ Phosphorus၊ သံဓာတ်၊ ဆိုဒီယမ် နဲ့ Arginine ဓာတ်တို့ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။