လူတိုင်း ကျန်းမာခိုင်ခံ့တဲ့ သွားများကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါကြောင့်လည်း သွားကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်တိုက်ကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သင့်သွားကျန်းမာရေးအတွက် လုံလောက်မှုမရှိသေးပါဘူး။

သွားလေးတွေပိုပြီး ကျန်းမာခိုင်မာစေဖို့အတွက် သင်စားတဲ့ အစားအစာတွေမှာ သွားကိုခိုင်ခံ့စေတဲ့ သဘာဝဆေးဘက်ဝင် ပစ္စည်းလေးတွေကိုလည်း အသုံးပြုပေးသင့်ပါတယ်။ စာဖတ်သူတို့ရဲ့ အနီးနားမှာ ရှာရလည်းလွယ်ပြီး အသုံးပြုလို့အဆင်ပြေမယ့် သဘာဝဆေးဘက်ဝင်အပင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Green Tea

Green Tea ဟာ နေ့စဉ်သောက်ဖို့ အသင့်တော်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ သွားကိုလည်း ခိုင်မာစေပြီး၊ ခံတွင်းရနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေးပါတယ်။

လေးညှင်းပွင့်

လေးညှင့်ပွင့်ကို သွားကိုက်သက်သာစေဖို့ အသုံးပြုတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သွားကိုက်တာတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ခံတွင်းရနံ့ လန်းဆန်းဖို့လည်း အသုံးပြုနိုင်ပါတယ်။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ၊ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ သွားတွေကို ခိုင်မာစေပါတယ်။

သံပရာသီး

သံပရာသီးလိုမျိုး Citrus အသီးတွေဟာ သွားကိုက်တာကို သက်သာစေပါတယ်။ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပြီး သွားတွေကိုခိုင်ခံ့စေပါတယ်။ ခံတွင်း အတွင်းမှာ pH ပမာဏကို မြင့်တင်ပေးလို့ ခံတွင်းရနံ့ကို လန်းဆန်းစေပါတယ်။ ။

ကွမ်းရွက်

ကွမ်းရွက်ဟာ ခံတွင်းရနံ့ကို လန်းဆန်းစေပြီး ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ သွားတွေ ယိုယွင်းပျက်စီးခြင်းကိုလည်း ကာကွယ်ပေးသလို သွားနဲ့သွားဖုံးကိုခိုင်ခံ့စေပါတယ်။ သွားဖုံး သွေးယိုခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အပူကိုစုပ်ယူနိုင်ပြီး သဘာဝ ဆေးဖက်ဝင်အရွက်ဖြစ်လို့ ခံတွင်းရနံ့ ဆိုးတာကို သက်သာစေပါတယ်။

စမုန်ဖြူ

စမုန်ဖြူဟာ မှိုတွေကို သေစေနိုင်တဲ့ Thymol ဆိုတဲ့ ကွန်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ သွားနဲ့ သွားဖုံးကို ကျန်းမာစေပြီး စမုန်ဖြူကို ခံတွင်းဆေးရည်တွေမှာ အများအားဖြင့် ထည့်သွင်းအသုံးပြုကြပါတယ်။ သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် စမုန်ဖြူကို အခြောက်လှန်းပြီး ရေနွေးကြမ်းလိုပဲ ကျိုသောက်လို့ရပါတယ်။

ဆစ်ဂနယ်မှ အသစ်မိတ်ဆက်လိုက်တဲ့ ဆား၊ ကွမ်းရွက်၊ သံပရာတို့ ပါဝင်တဲ့ ဆစ်ဂနယ်သဘာဝဆေးဘက်ဝင် သွားတိုက်ဆေးလိုမျိုး သွားတိုက်ဆေးကို သုံးခြင်းအားဖြင့် မိသားစုဝင်အားလုံးလည်း သွားများကျန်းမာခိုင်ခံ့ပြီး ခံတွင်းရနံ့ကို လန်းဆန်းစေနိုင်မှာပါ။