ညဘက် Night out မထွက်ခင်မှာ ဗိုက်ဆာလို့တစ်ခုခု စားချင်နေပါသလား။

တခါတလေ ကိုယ်စားမိတဲ့ အစားအစာတွေကြောင့် အရက်သောက်ရာမှာ ပိုမူးသွားတာ၊ နေလို့ထိုင်လို့မကောင်းတာတွေဖြစ်တတ်ပါတယ်။

ဘာတွေ စားသင့်သလဲ ကြည့်ရအောင်။

ပရိုတင်းဓာတ်နဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ အဆီဓာတ်များပါဝင်တဲ့ အစားအစာများ

အစာအိမ်ထဲမှာ အစာရှိနေရင် ဦးနှောက်ကို အရက်ရောက်တဲ့နှုန်းက ပိုနှေးပါတယ်။ အစာအိမ်ထဲမှအစာရှိနေရင် အစာအိမ်ထဲကိုရောက်နေတဲ့ အရက်ကို ဦးနှောက်က စုပ်ယူတဲ့နှုန်းက ပိုပြီး နှေးပါတယ်။ ဒါ့ကြောင့် မူးဖို့ အချိန်ပိုယူရပါတယ်။

အစာမရှိဘဲ သောက်ရင် ပိုမူးတတ်ပါတယ်။ အဲ့ဒီအစာမရှိဘဲ သောက်တဲ့ပမာဏကိုပဲ အစာစားပြီးသောက်ရင် အဲ့လောက် မမူးဘူးဆိုတာ ခံစားရဖူးမှာပါ။

ကောင်းမွန်တဲ့အဆီဓာတ်နဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ထဲက အရက်စုပ်ယူမှုနှုန်းကို နှေးစေပါတယ်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံများ

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ Antioxidants၊ ဗီတာမင်ဓာတ်နဲ့ ရေတွေအများကြီးးပါဝင်တာကြောင့် အရက်ရဲ့ဘေးထွက်ဆိုးကျိုးကို လျော့ချပေးနိုင်ပါတယ်။

ရေ

ဘာဖြစ်လို့ အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ခွက်သောက်သင့်တာလဲ။

ရေကတော့ Night Out မထွက်ခင်ကော၊ အရက်သောက်နေချိန်မှာ ပါ သောက်သင့်ပါတယ်။ အရက်က သင့်ကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ အရက်သောက်ရင်း ရေများများသောက်ရင် အရက်နာကျတာလည်းမဖြစ်ပါဘူး။