အခုလို မိုးတွင်း တုပ်ကွေး အဖြစ်များနေချိန်မှာ ကိုယ်ခံအား ကောင်းအောင် ကြိုးစားဖို့ အရေကြီးပါတယ်။

ခန္ဓာကိုယ်တွင်း အင်္ဂါများ၊ဆဲလ်များ၊ တစ်ရှူးများနှင့် ပရိုတင်းများ အတူတကွ ပေါင်းစည်းထားသည့် ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်နေမှသာ ပြင်ပမှ ဝင်ရောက်လာတဲ့ ဗားရက်စ်၊ ဘက်တီးရီးယား တို့ကို တိုက်ထုတ်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နနွင်း

နနွင်းကတော့ တော်တော်များများက ဟင်းချက်ရာမှာ သုံးကြပါတယ်။ နနွင်းကို သင့်တင့်မျှတတဲ့ ပမာဏ အမြဲ စာသုံးပေးလျှင် ကိုယ်ခံအားကိုမြင့်စေပါတယ်။

ငါး

အဆီများတဲ့ ငါးတွေမှာ Omega 3 Fatty အက်ဆစ်ဓာတ်များ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပါတယ်။

ပန်းဂေါ်ဖီ နှင့် ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီ နှင့် ပန်းဂေါ်ဖီစိမ်းတို့တွင် ဗီတာမင် စီ နှင့် Antioxidants ကြွယ်ဝစွာပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ အမြဲ စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။

ဂျင်း

ဂျင်းကို ဟင်းချက်တဲ့နေရာမျိုးစုံမှာ သုံးလေ့ရှိပြီး ရေနွေးကြမ်းထဲခတ်ပြီးလည်း သောက်လေ့ရှိပါတယ်။ ဂျင်းက ကိုယ်ခံအားကိုကောင်းစေပြီး ချမ်းစိမ့်စိမ့်နဲ့ဖျားချင်ရင်တောင် ဂျင်းရေနွေးကြမ်းသောက်လိုက်လျှင် နေပြန်ကောင်းသွားပါလိမ့်မယ်။

အမည်းရောင်ချောကလပ်

အမည်းရောင်ချောကလပ် (Dark Chocolate) များမှာ Theobromine လို့ခေါ်သည့် Antioxidant ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး Free Radicals များကို တိုက်ဖျက်ပေးပါတယ်။

ကယ်လိုရီမြင့်များပြီး Saturated Fat ပါဝင်မှုများတာကြောင့် သင့်တင့်တဲ့ ပမာဏလောက်ဘဲ စားသုံးသင့်ပါတယ်။

ကိုယ်ခံအားမြှင့်တင်ဖို့ တခြား အသုံးဝင်တဲ့နည်းလမ်းများ

  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
  • အားကစား ပုံမှန်လုပ်ပါ
  • သင့်တင့်သည့် ကိုယ်အလေးချိန်ကို ထားပါ
  • အရက်ကို သင့်တင့်တဲ့ ပမာဏလောက်ဘဲ သောက်ပါ
  • အိပ်ရေး ဝဝအိပ်ပါ
  • စိတ်ဖိစီးမှုကို လျော့ချပါ
  • လက်ဆေနည်း မှန်ကန်စွာဖြင့် ဆေးပါ