အသည်းက ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ရင် ဇီဝကမ္မဖြစ်စဉ်တွေကို နှေးစေကာ အဆီတွေချေဖျက်နိုင်စွမ်းနည်းပြီး ကိုယ်အလေးချိန်လျော့ကျနိုင်ပါတယ်။

အသည်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှသာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို သေချာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

သင်ဟာ ပင်ပန်းနွမ်းနယ်နေပြီး နေရထိုင်ရ အဆင်မပြေတာ ၁ ရက်၊ ၂ ရက်မကတော့ဘူးဆိုရင် သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ဖို့ အပြုအမူတွေ ပြောင်းလဲသင့်ပါတယ်။

အသည်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ နံနံပင် ဖျော်ရည်

နံနံပင်က အသည်းထဲက အဆိပ်အတောက်တွေကို သဘာဝနည်းလမ်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် အရက်သောက်သူတွေ၊ အဆီအစိမ့်တွေ စားသုံးတာများသူတွေက ဒီဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။

ပါဝင်ပစ္စည်းများ

နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ တစ်ခွက် (200 ml)

ပြုလုပ်နည်း

ရေကို ပူအောင်လုပ်ပြီး နံနံပင်ကို ထည့်ပါ။ ပြီးရင် ၁၅ မိနစ်လောက် ဆူအောင် တည်ထားလိုက်ပါ။ ပြီးနောက် မီးဖိုပေါ်ကနေ ချလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် သောက်လိုက်ပါ။

အာနိသင်ကောင်းဖို့အတွက်တစ်ပတ်ကို တစ်ခွက်လောက် ပုံမှန်သောက်သုံးပေးပါ။

Photo Credit: Step to Health