ကိုယ် စားချင်တဲ့အစားအစာတွေ အကုန်လုံးကို အားရပါးရစားပြီးမှ ထိန်းမနိုင်သိမ်းမရ ဝိတ်တွေ တရစပ်တက်လာလို့ စိတ်ညစ်နေပြီလား။ ဝိတ်တက်လာတာကို သတိထားမိလာမှ ဝိတ်လျော့ဖို့ဆိုပြီး အစားအစာတွေရှောင်ကြ Gym တွေ ပြေးကြနဲ့ တော်တော်လေး ပင်ပန်းလှပါတယ်။ မပင်မပန်းဘဲနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေလည်း စားသောက်လို့ရအောင် ဘယ်လိုဝိတ်လျော့ရမလဲ။
အခုဖော်ပြပေးမယ့် ၇ ရက်အတွင်း ဝိတ်ချဖို့အတွက် စားသုံးနည်းလေးကို စမ်းသပ်ကြည့်လိုက်ပါ။ တစ်ပတ်အတွင်း ၁၅ ပေါင်ကနေ ၁၇ ပေါင်ခန့် ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။
ပထမ တစ်ရက်
မနက် ၈ နာရီထိုးတဲ့အခါ မနက်စာအဖြစ် ပန်းသီးတစ်လုံး၊ ဘယ်ရီသီးအနည်းငယ်နဲ့ ရေတစ်ဖန်ခွက်သောက်လိုက်ပါ။ ၁၀ နာရီခွဲသွားတဲ့အခါ ရေ တစ်ဖန်ခွက်နဲ့ သခွားမွှေးအနည်းငယ် စားသုံးပေးလိုက်ပါ။ နေ့လည် ၁၂ နာရီခွဲမှာ ဖရဲသီး ပန်းကန်လုံးတစ်လုံးစာခန့် စားသုံးပါ။ ညနေ ၄ နာရီမှာ လိမ္မော်သီးတစ်လုံးနဲ့ ရေတစ်ဖန်ခွက်သောက်ပါ။ ညနေ ၆ နာရီခွဲမှာ ဘယ်ရီသီးအနည်းငယ်၊ သခွားမွှေးအနည်းငယ်နဲ့ ရေတစ်ဖန်ခွက်သောက်ပေးရပါမယ်။ ည ၈ နာရီခွဲမှာတော့ ဖရဲသီး ပန်းကန်လုံးတစ်ဝက်စာခန့် စားပေးလိုက်ပါ။
ဒုတိယရက်
မနက် ၈ နာရီ – အာလူးပြုတ်အနည်းငယ်
မနက် ၁၀ နာရီခွဲ – သခွားသီး ပန်းကန်လုံး တစ်ဝက်စာ
နေ့လည် ၁၂ နာရီခွဲ – ဆီနည်းနည်းဖြင့် ကြော်ထားသော ဆလပ်ရွက်၊ ငရုတ်ပွ၊ ဟင်းနုနွယ်နှင့် ကညွှတ်ကြော်
ညနေ ၄ နာရီ – မုန်လာဥနီဖျော်ရည် တစ်ခွက်
၆ နာရီခွဲ – ပန်းဂေါ်ဖီစိမ်းသုပ်
၈ နာရီခွဲ – သခွားသီး တစ်လုံး
တတိယနေ့
နံနက် ၈ နာရီ – သခွားမွှေးအနည်းငယ်နှင့် ရေ ၂ ဖန်ခွက်
၁၀ နာရီခွဲ – နာနတ်သီး (သို့) သစ်တော်သီးနှင့် ရေ ၂ ဖန်ခွက်
နေ့လည် ၁၂ နာရီခွဲ – သခွားသီး၊ မုန်လာဥနီနှင့် ဆလပ်ရွက်သုပ် တစ်ပွဲနှင့် ရေ ၂ ဖန်ခွက်
ညနေ ၄ နာရီ – လိမ္မော်သီးတစ်လုံး၊ သခွားမွှေး အနည်းငယ်နှင့် ရေ ၁ ဖန်ခွက်
၆ နာရီခွဲ – ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်နှင့် သကြားမုန်လာသုပ်တစ်ပွဲ၊ ရေ ၂ ဖန်ခွက်
ည ၈ နာရီခွဲ – သစ်တော်သီးတစ်လုံးနှင့် ရေ ၁ ဖန်ခွက်
စတုတ္ထနေ့
နံနက် ၈ နာရီ – ငှက်ပျောသီး ၂ လုံးနှင့် နွားနို့တစ်ဖန်ခွက်
၁၀ နာရီခွဲ – ငှက်ပျောသီး ၁ လုံးနှင့် ရေ တစ်ဖန်ခွက်
၁၂ နာရီခွဲ – ငှက်ပျောသီး ၂ လုံး၊ နွားနို့ တစ်ဖန်ခွက်နှင့် ကိုကိုးမှုန့်အနည်းငယ်တို့ကို ရောနှောပြီး Milkshake ဖျော်သောက်ပါ
၄ နာရီ – ငှက်ပျောသီး ၂ လုံး
၆ နာရီခွဲ – ငှက်ပျောသီးတစ်လုံးနှင့် နွားနို့ တစ်ဖန်ခွက်
ည ၈ နာရီခွဲ – နွားနို့တစ်ဖန်ခွက်
ပဉ္စမနေ့
နံနက် ၉ နာရီ – ခရမ်းချဉ်သီး ၃ လုံး
နေ့လည် ၁၂ နာရီခွဲ – ဆန်လုံးညို၊ ၃ အောင်စခန့်ရှိသော ငါးအသားလွှာ (သို့) ဟင်းရွက်ကြော်တစ်ပွဲ
ညနေ ၄ နာရီ – ခရမ်းချဉ်သီး ၂ လုံး
၆ နာရီခွဲ – ဆန်လုံးညို တစ်ပန်းကန်၊ ခရမ်းချဉ်သီး တစ်လုံးနှင့် ဟင်းရွက်ကြော် တစ်ပွဲ
ဆဌမနေ့
နံနက် ၉ နာရီ – မုန်လာဥနီဖျော်ရည်
၁၂ နာရီ – ဆန်လုံးညို တစ်ယောက်စာရဲ့ တစ်ဝက်၊ ဟင်းရွက်ကြော် ပန်းကန်လုံးတစ်ဝက်၊ တို့ဖူး (သို့) ငါးအသားလွှာ
မွန်းလွဲ ၃ နာရီခွဲ – သခွားသီးအနည်းငယ်
ညနေ ၆ နာရီခွဲ – ဆန်လုံးညို ပန်းကန်လုံးတစ်ဝက်၊ ဟင်းရွက်ကြော် ပန်းကန်လုံးတစ်ဝက်နှင့် ကြက်သားအနည်းငယ်
သတ္တမနေ့
နံနက် ၉ နာရီ – လိမ္မော်ရည် (သို့) ပန်းသီးဖျော်ရည် တစ်ခွက်
နေ့လည် ၁၂ နာရီ – ဆန်လုံးညို ပန်းကန်လုံးတစ်ဝက်နှင့် ဟင်းရွက်ကြော်တစ်ဝက်
မွန်းလွဲ ၃ နာရီခွဲ – ဖရဲသီး (သို့) ဘယ်ရီသီးများ ပန်းကန်လုံးတစ်လုံးစာ
ညနေ ၆ နာရီခွဲ – မိမိနှစ်သက်ရာ စွပ်ပြုတ်တစ်မျိုးမျိုး
Source: Stylecraze.com