[Unicode]

ကိုယ်စားသုံးလိုက်တဲ့ အစားအစာတွေက ကိုယ့်ခန္ဓာကိုယ်အပေါ်အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဘယ်အစားအစာတွေက ဘယ်အချိန်မှာ စားရမယ်ဆိုတာ သိရှိဖို့ အရေးကြီးပါတယ်။

ချောကလက်

nintchdbpict0002986054371-e1486350045941

မနက်စာမှာ ချောကလက် အနည်းငယ်ကိုထည့်စားရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Antioxidant တွေရရှိပြီး အရွယ်တင်နုပျိုစေကာ နှလုံးကျန်းမာရေးအတွက်လည်းကောင်းပါတယ်။

ဒါပေမယ့် တစ်နေ့ကို ချောကလက် ဝ.၈ အောင်စ (၂၅ ဂရမ်)ထက်ပိုများများ စားရင် ခန္ဓာကိုယ်မှာ အဆီတွေဖြစ်လာတတ်ပါတယ်။

အသား

fcb528ab2b49662911a82a1542215d41

အသားတွေကို နေ့လည်စာမှာဘဲ များများစားသင့်ပါတယ်။ အသားမှာသံဓာတ်တွေအဓိကပါဝင်ပြီး ဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို အောက်စီဂျင်ရရှိအောင်လုပ်ဆောင်ပေးပါတယ်။

ဒါပေမယ့် အသားတွေက အစာချေဖို့ အချိန် ၅နာရီလောက်လိုတာကြောင့် အိပ်ခါနီးမှ အသားတွေ စားရင် အစာခြေစနစ်ကို ထိခိုက်စေပါတယ်။

အခွံမာအသီးများ

assortment of tasty nuts, close up

နေ့လည်စာ စားချိန်မှာ အခွံမာအသီး လက်တစ်ဆုပ်စာ (၁အောင်စ သို့မဟုတ် ၃၀ ဂရမ်) စားပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ Omega-3 ကိုဖြည့်တင်းပေးနိုင်ပြီး သွေးဖိအားကိုထိန်းညှိပေးကာ အဆုတ်အတွက်လည်းကောင်းပါတယ်။

ဒါပေမယ့် အခွံမာအသီးတွေက ကယ်လိုရီနဲ့အဆီဓာတ်ပါဝင်မှုများတာကြောင့် ညစာမှာစားရင် ကိုယ်အလေးချိန် တက်စေပါတယ်။

လိမ္မော်သီး

AAEAAQAAAAAAAAjJAAAAJDgzODEyZTA3LTQ5ZmQtNDY0MC04NTgzLTc4Mjg1NDE5ZjYwNw

လိမ္မော်သီးက ခန္ဓာကိုယ်မှာရှိတဲ့ အစာခြေစနစ်ကို အားကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကူညီထောက်ပံ့ပေးပါတယ်။

ဗိုက်ထဲမှာ အစာမရှိခင်မှာ လိမ္မော်သီးစားရင် အစာအိမ်အချဉ်ပေါက်၊ ဗိုက်နာတာ တို့ဖြစ်တတ်ပါတယ်။

[Zawgyi]

ကိုယ္စားသံုးလိုုက္တဲ့ အစားအစာေတြက ကိုယ့္ခႏၶာကိုယ္အေပၚအမ်ားႀကီး သက္ေရာက္မႈရွိပါတယ္။ ဒါေၾကာင့္ ဘယ္အစားအစာေတြက ဘယ္အခ်ိန္မွာ စားရမယ္ဆိုတာ သိရွိဖို႔ အေရးႀကီးပါတယ္။

ေခ်ာကလက္

nintchdbpict0002986054371-e1486350045941

မနက္စာမွာ ေခ်ာကလက္ အနည္းငယ္ကိုထည့္စားရင္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ Antioxidant ေတြရရွိၿပီး အရြယ္တင္ႏုပ်ိဳေစကာ ႏွလံုးက်န္းမာေရးအတြက္လည္းေကာင္းပါတယ္။

ဒါေပမယ့္ တစ္ေန႔ကို ေခ်ာကလက္ ၀.၈ ေအာင္စ (၂၅ ဂရမ္)ထက္ပိုမ်ားမ်ား စားရင္ ခႏၶာကိုယ္မွာ အဆီေတြျဖစ္လာတတ္ပါတယ္။

အသား

fcb528ab2b49662911a82a1542215d41

အသားေတြကို ေန႔လည္စာမွာဘဲ မ်ားမ်ားစားသင့္ပါတယ္။ အသားမွာသံဓာတ္ေတြအဓိကပါ၀င္ၿပီး ဆဲလ္ေတြနဲ႔ ကိုယ္တြင္းအဂၤါေတြကို ေအာက္စီဂ်င္ရရွိေအာင္လုပ္ေဆာင္ေပးပါတယ္။

ဒါေပမယ့္ အသားေတြက အစာေခ်ဖုိ႔ အခ်ိန္ ၅နာရီေလာက္လိုတာေၾကာင့္ အိပ္ခါနီးမွ အသားေတြ စားရင္ အစာေျခစနစ္ကို ထိခိုက္ေစပါတယ္။

အခြံမာအသီးမ်ား

assortment of tasty nuts, close up

ေန႔လည္စာ စားခ်ိန္မွာ အခြံမာအသီး လက္တစ္ဆုပ္စာ (၁ေအာင္စ သို႔မဟုတ္ ၃၀ ဂရမ္) စားေပးရင္ ခႏၶာကိုယ္က လိုအပ္တဲ့ Omega-3 ကိုျဖည့္တင္းေပးႏိုင္ၿပီး ေသြးဖိအားကိုထိန္းညွိေပးကာ အဆုတ္အတြက္လည္းေကာင္းပါတယ္။

ဒါေပမယ့္ အခြံမာအသီးေတြက ကယ္လိုရီနဲ႔အဆီဓာတ္ပါ၀င္မႈမ်ားတာေၾကာင့္ ညစာမွာစားရင္ ကိုယ္အေလးခ်ိန္ တက္ေစပါတယ္။

လိေမၼာ္သီး

AAEAAQAAAAAAAAjJAAAAJDgzODEyZTA3LTQ5ZmQtNDY0MC04NTgzLTc4Mjg1NDE5ZjYwNw

လိေမၼာ္သီးက ခႏၶာကိုယ္မွာရွိတဲ့ အစာေျခစနစ္ကို အားေကာင္းေစၿပီး ဇီ၀ကမၼျဖစ္စဥ္ကို ကူညီေထာက္ပံ့ေပးပါတယ္။

ဗိုက္ထဲမွာ အစာမရွိခင္မွာ လိေမၼာ္သီးစားရင္ အစာအိမ္အခ်ဥ္ေပါက္၊ ဗိုက္နာတာ တုိ႔ျဖစ္တတ္ပါတယ္။