ခရမ်းချဉ်သီးကို Sauce လုပ်တဲ့နေရာ မှာ အခွံခွာပြီးချက်တာက အကောင်းဆုံးပါပဲ။ ဒါ့ကြောင့်အလွယ်တကူ အချိန်ကုန်သက်သာစွာနဲ့ ခွာလို့ရတဲ့နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံးခရမ်းချဉ်သီးရဲ့ ထိပ်ကို လှီးထုတ်လိုက်ပါ။ ပြီးရင် တစ်လုံးလုံးကို ဒေါင်လိုက်၊ အလျားလိုက် ပါးပါးလေး အသားသိပ်မထိဘဲ လှီးလိုက်ပါ။

ဒီအတိုင်းဆွဲခွာလိုက်လို့လည်းရပါတယ်။

ခွာရမယ့် ခရမ်းချဉ်သီးတွေကများရင် ခရမ်းချဉ်သီးကို ရေပွက်ပွက်ဆူထဲမှာ စက္ကန့် ၃၀ လောက်ပြုတ်လိုက်ရင် အခွံလေးတွေ လန်တက်လာပါလိမ့်မယ်။

အဲ့အချိန်ကျရင် ခရမ်းချဉ်သီးကို ဇကာနဲ့ဆယ်ပြီး ရေခဲတွေထည့်ထားတဲ့ ရေအေးအေးထဲထည့်လိုက်ပါ။

ပြီးရင် အခွံကို အလွယ်တကူနွှာလိုက်လို့ရပါပြီနော်။

ခရမ်းချဉ်သီးကို အခွံခွာဖို့ အကောင်းဆုံး နည်းလမ်းများ

Photo Credit: Serious Eats