သင်ဟာ အပူအစပ် အစားအစာတွေကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါလား? ဒါဆိုရင်တော့ သတင်းကောင်းတစ်ခု ရှိပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရ ဂျင်းနဲ့ ငရုတ်သီးအတွဲဟာ ကင်ဆာအကျိတ်တွေကို ရပ်တန့်ပစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီ ဟင်းခတ် ၂မျိုးလုံးမှာလည်း ကျန်းမာရေးကောင်းကွက်တွေ ကိုယ်စီ ရှိပြီးသားပါ။ အဓိကကတော့ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။

အမေရိကန်ဓာတုဗေဒပညာရှင်အချို့ရဲ့ စမ်းသပ်ချက်တစ်ခုမှာတော့ ကြွက်နဲ့ စမ်းသပ်ခဲ့ရာမှာ ဂျင်း ၆တက်ဟာ ကင်ဆာ ဆဲလ်တွေကို လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အာရှနိုင်ငံတွေမှာတော့ ဂျင်းနဲ့ ငရုတ်သီးကို ဟင်းခတ် အတွဲအဖြစ် အသုံးများကြပါတယ်။ ကင်ဆာတွေထဲမှာမှ အဓိက အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာတွေ အတွက် အထူးကောင်းမွန်စေပါတယ်။

လေ့လာသူတွေကတော့ ကင်ဆာအကျိတ်ရဲ့ ၂၀%ကို လျှော့ချပေးနိုင်ပြီး ရောဂါကြီးထွားမှုတွေကနေ ရပ်တန့်နိုင်ကြောင်း ယုံကြည်ကြပြီး ပုံမှန်တွဲဖက်ပြီး စားသုံးသင့်ကြောင်း အဆိုပြုထားပါတယ်။

သတိထားရမှာကတော့ ငရုတ်သီးကို သန့်အောင် ဂရုစိုက်ပြီး စားဖို့ လိုပါတယ်။ ဂျင်းရော ငရုတ်မှာပါ မကောင်းတဲ့ မှိုတွေ ကပ်နေမယ်ဆိုရင်တော့ မစားသင့်ပါဘူး။

Ref: zeenews